String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၂၃)
..........................ပန်းကန်ကွဲ ပုလင်းကွဲတွေ၊ ခုံအကျိုးအပဲ့တွေ ပစ္စည်းအတိုအစတွေ ဧည့်ခန်းနဲ့ လျှောက်လမ်းမှာ ပြန့်ကျဲနေကြသည်။ လှေကားခြေရင်းမှာလည်း လက်ဂေ့ချ်က လဲပြိုနေ၏။ အဝတ်စားတချို့ကို စည်းချင်း ကျော်ခွသွားလိုက်ကာ အပေါ်ထပ်သို့ တက်သွားတော့....
" ရှင်ရှာတာရှင်သုံးလေ ရှင့်ဇာတ်ရှင်နိုင်အောင်ကပေါ့ ကျွန်မပိုက်ဆံကို တစ်ပြားတစ်ချပ်မှထိမယ်မကြံနဲ့ ဦးသော်က "
" လင့်ပစ္စည်း မယားပိုင်သလို မယားပစ္စည်းကလည်း လင်နဲ့ဆိုင်တယ်ကွ "
" အိုးဟိုး အဲလိုကြေးလား.... ရှင် အဲ့စကားကို ဘယ်တော့မှ မမေ့နဲ့နော် "
" အေး မမေ့ဘူးကွာ... အခု ငါလိုချင်တဲ့ပိုက်ဆံအရင်ပေးစမ်း "
" ပိုက်ဆံ! ဘာပိုက်ဆံလဲ ရှင့်လခ ကျွန်မကို ဘယ်တုန်းက ဘယ်နှပြားအပ်ထားတာရှိလို့လဲ "
" ဖြောင်း!.... သေချင်ပြီလား "
" ရှင် ကျွန်မကို လက်ပါစရာအကြောင်းမရှိဘူး ရှင့်မယားငယ်မဟုတ်ဘူး "
" မလုပ်နဲ့ မလုပ်နဲ့လို့ပြောနေတယ် "
" ဒုန်း ဒုန်း ဝုန်း ဝုန်း "
အခန်းထဲမှာ တခဏတော့ ဆူညံသွား၏။ တအောင့်ကြာတော့ တံခါးဖွင့်သံ ကြားရလို့ လှေကားထိပ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရပ်လျက်ရှိနေသော စည်း တံခါးဘက်သို့ လှမ်းကြည့်လိုက်တော့ ဒက်ဒီက ပိုက်ဆံထုတ်ပိုက်ပြီး ကမူးရှူးထိုးထွက်လာတာ မြင်ရသည်။ တစ်ဆတ်တည်း ဒက်ဒီနောက်ပြေးလိုက်လာသော မာမီ....။ ဆံပင်ဖွာလန်ကျဲ ဖိုသီဖက်သီနဲ့ မာမီသည် ပြင်ဆင်ခြယ်သထားခြင်း အလျင်းမရှိတာကြောင့် အပူသည်နှင့် မခြားပေ။
" ကျွန်မပိုက်ဆံပြန်ပေး ဦးသော်က... မဟုတ်ရင် ကျွန်မအဆိုးမဆိုနဲ့နော် ကြားလား "
" နားငြီးတယ်ကွာ "
" အေး ဒီအိမ်ကို ကျွန်မရောင်းစားပစ်မယ် အဲ့တော့မှ ဘာမှလာဝင်မပါနဲ့ "
" လုပ်ချင်သလိုလုပ် သောက်ဂရုကိုမစိုက်ဘူး "
လှေကားမှာ ရုန်းရင်းဆန်ခက်ဖြစ်နေပြီး ဦးသော်ကက ဇနီးသည်ကို ဆောင့်တွန်းပစ်လိုက်ကာ သူ့လမ်းသူဆက်သွားလိုက်သည်။ ဇနီးသည်မှာလည်း လက်မလျော့ဘဲ တတွတ်တွတ်မြည်တွန်တောက်တီးပြီး နောက်ကနေ လိုက်ပါသွားတော့သည်။
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...