အပိုင်း (၃) / အပိုင္း (၃)

276 10 0
                                    

Zawgyi Font ⤵️
***************

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၃)
.........................

📲 " တီ တီ တီ " 📲

စားပွဲပေါ်တင်ထားသော ဖုန်းသည် တုန်ခါမှုကြောင့် အသံကျယ်စွာမြည်လျက်ရှိသည်။ ဆက်တိုက်ခေါ်နေစေကာမူ ကိုင်မဲ့သူမရှိသော အဖက်လုပ်မခံရသော ဖုန်းလေးသည် သူ့နာကျင်မှုကို အသံကျယ်ဖြင့် ပြသနေဆဲ...။

" ဟာ တောက်! "

ဖုန်း၏အသံကို ဖုံးလွှမ်းသွားစေသော တောက်ခေါက်သံပြင်းပြင်းတစ်ချက် ပေါ်ထွက်လာပြီး လေပူမှုတ်ထုတ်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရ၏။ ယ

အကျီပါးလေးတစ်ခုတောင် ခန္ဓာကိုယ်မှာ ကပ်မနေဘဲ ပေါင်လယ်လောက်ရှိသော အနက်ရောင် အောက်ခံဘောင်းဘီလေးနဲ့ အိပ်ရာထက် မှောက်အိပ်နေသည့် စည်းချင်းသည် ကျောမှာကပ်နေသော ချည်စောင်ကိုလက်တစ်ဖက်ဖြင့် ဆွဲခွာလိုက်ပြီး ခုတင်စောင်းကို လက်ဝါးဖြင့် တစ်ချက်ရိုက်ကာ ပလက်လှန်အိပ်လိုက်၏။

📲 " တီ တီ တီ " 📲

" ကျစ်! "

" သေမလို့ မနားတမ်းဆက်နေတာလားမသိဘူး အာရုံပဲ "

မျက်လုံးအသာဖွင့်ပြီး အပျင်းကြောဆန့်လိုက်ပြီးမှ အသာအယာထကာ ကြမ်းပြင်ပေါ်ခြေအစုံချထိုင်လိုက်ပြီး စည်း ဖုန်းကိုယူကြည့်လိုက်သည်။ call list ထဲမှာ အိန်ဂျယ်ခေါ်ထားသည့် ဖုန်းကောတွေက မကိုင်ထားသောကြောင့် အနီရောင်ဖြစ်နေကာ ဘယ်နှကောမှန်းတောင်မသိတော့။ ဖုန်းကို ပြန်ချထားလိုက်ပြီး မတ်တပ်ထရပ်ကာ ခါးတစ်ဖက်ထောက်၍ ဇက်ကိုဟိုဘက်ဒီဘက်လှည့်ချိုးလိုက်ပြီး ခါးကြောကိုပါလှည့်ချိုးလိုက်ကာ ရေချိုးခန်းထဲ ဝင်သွားလိုက်တော့သည်။

ရေဗန်းအောက်ဝင်ရပ်ပြီး ရေအေးခလုတ်ကိုဖွင့်၍ ခေါင်းလေးမော့ကာ ရေစက်တွေခံယူလျက် မျက်နှာအရင်သစ်လိုက်၏။ အေးစက်စက်ရေတွေက မျက်နှာမှတစ်ဆင့် လည်ကုပ် ပခုံး မို့မောက်နေသောရင်ဘက်အစုံမှ ကြွက်သားအမြောင်းမြောင်းထွက်နေသည့် ဝမ်းဗိုက်သားကနေ တစ်ကိုယ်လုံး ပြန့်ကျက်ကာ စီးဆင်းသွားတော့သည်။ ရေချိုးခန်းကအသံလုံခန်းမို့ အပြင်ကအသံတွေကို တော်တန်ရုံ မကြားရချေ။ ညက ​နောက်ကျမှအိမ်ပြန်လာတာဖြစ်သလို ချက်ချင်းမအိပ်သေးဘဲ လိုင်းကောင်းလို့သုံးလိုက်တာ ဘယ်နှနာရီကြာသွားလဲတော့မသိ၊ အာရုံတက်ခါနီးမှအိပ်ပျော်သွားသည်ထင်ရဲ့၊ အခုနိုးလာတော့ ခေါင်းက မကြည်မလင်။

String of Heart (နှလုံးသားစောင်းကြိုး)Onde histórias criam vida. Descubra agora