အပိုင်း(၃၁)/အပိုင္း(၃၁)

86 7 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၃၁)
.............................

" ရှေ့ကဖယ် "

" ဟင် မောင့်ကိုကျ စကားပြောတာရိုင်းလို့တဲ့ သာ,ကျတော့ရော ဘာထူးလဲ၊ မောင့်ကိုဆို တစ်ခါမှ ညင်ညင်သာသာပြောတယ်မရှိဘူးရယ် "

အင်မတန်မှ ချိုသာနူးညံ့လွန်းသည့် စည်းအသံကြောင့် အမှတ်တမဲ့ မော့ကြည့်လိုက်မိရာဝယ်.... ။

နှစ်လိုဖွယ်အပြုံး.... နေဘက်ကိုလှည့်ပွင့်သည့် နေကြာပန်းလိုမျိုး တောက်ပကြည်လင်နေသော မျက်နှာ... မတော်တဆ မှင်သက်မိသွားရလောက်အောင် ညှို့ဓာတ်ပြင်းတာမို့ ခပ်တွေတွေငေးကြည့်နေရင်းမှ ရှက်အားပိုကာ ရုတ်ခနဲ အကြည့်လွှဲရင်း လွယ်အိတ်ကြိုးကိုဆွဲတင်းလိုက်ပြီး စည်းရဲ့ ဘေးတစ်ဖက်တစ်ချက်ကနေ ဖြတ်ကျော်လျှောက်သွားလိုက်တော့....

" သာ... မောင်လိုက်ပို့ပေးရဦးမလား "

ဟု ရယ်ကျဲကျဲဖြင့် ရှေ့ဆံပင်ကို တစ်ချက်သပ်တင်ရင်း စည်းပြောလိုက်ရာ သူမက ​ခြေလှမ်းတွေကို ရပ်တန့်ခြင်းမရှိဘဲ ခေါင်းငဲ့စောင်းကြည့်၍ ' ဟွန့် ' ဆိုပြီး နှုတ်ခမ်းတစ်ဖက်တွန့်သွားတာကို ရိပ်ခနဲမြင်လိုက်ရတာမို့ စည်းအော်ရယ်မိတော့သည်။

" မင်းကိုတော့ မောင်စွဲလမ်းနေမိပြီထင်တယ်သာ "

° ° ° ° °

" ကဲ သူငယ်ချင်းတို့ရေ ဒီ weekends ကတော့ ငါဒီမှာနေခွင့်ရတဲ့ နောက်ဆုံးအပတ်ဖြစ်လိမ့်မယ် "

" ဘာလဲ အလုပ်စပြီလား "

" အွင်း တောင်ကြီးတဲ့ဟာ ရည်းစားမရှိဘာမရှိနဲ့ ဆောင်းတွင်းမှာ တစ်ယောက်ထဲကွေးရတော့မယ်ဟ "

" အမလေး ဒါများဝမ်းနည်းနေသေးတယ် ရှာလိုက်ပေါ့ဟယ် တောင်ကြီးသား ညိုချောလေးတစ်ယောက်လောက် ခုခေတ်က ညိုချောတွေ ခေတ်ထနေတာမို့လား "

" sex pack ကြည့်ပြီး ရွေးရင်တော့ ကျန်ရစ်ဖြစ်မလားပဲ ခုဟာက sex pack ရှိလည်းမယုံရတော့ဘူး "

ခေမာနဲ့ မေသဇင်က လေသင့်နေကြ၏။ တောင်ကြီးမှာ အလုပ်သွားလုပ်ရပြီဆိုတော့ မေသဇင့်ကို လွမ်းရပြီပေါ့။ ရှိစုမဲ့စု သူငယ်ချင်းနှစ်ယောက်ရှိတဲ့ထဲ မေသဇင်ကတော့ ကျောင်းဆက်မတက်ဘဲ သူ့အဖေရဲ့ Travel Agency မှာပဲ ဝင်ကူနေသည်။ ခရီးသွားရတာကိုလည်း နှစ်သက်သူမို့ ခရီးမသွားရရင် အမြဲညှိုးငယ်နေတာကို တွေ့နေရမြဲ။ ခုတော့ သူ့အတွက် ဝမ်းသာပေးရမှာပေါ့။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now