အပိုင်း(၄၄)/အပိုင္း(၄၄)

108 15 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၄၄)
.............................

" ငါတို့တွေ တကယ်ကြီးကျောင်းတက်ရတော့မှာပါလား.... အရမ်းပျင်းစရာကောင်းမှာပဲ "

" နင့်အသံက ဘယ်လိုဖြစ်ရတာလဲ ခေမာရယ်... မဖွင့်ခင်တုန်းကတော့ တက်ချင်လိုက်တာ သူ့အပြင်နှစ်ယောက်မရှိတဲ့ပုံနဲ့ "

" ရုတ်တရက်ကြီးဆိုတော့ တစ်မျိုးဖြစ်နေသေးလို့ဟာ အသားမကျသေးလို့နေမှာ "

" ပြင်ဦးလွင်မှာ သွားလည်ပြီးတာတောင် မဝသေးဘူးလား ဒီနှစ်က နောက်ဆုံးနှစ်နော် ဒီတစ်နှစ်ကြိုးစားပြီးရင် ပြီးပြီ "

" ဟီး ဟုတ်တယ်နော် ဘွဲ့တောင်ရတော့မှာပါလား.... ငါတို့အသက်တွေတောင် မသိမသာကြီးလာတာ ၂၃ ထဲရောက်ပြီနော် ငါဖြင့် ငါ့ကိုယ်ငါ ၂၀ လို့ထင်တုန်း အဟင်း....  "

" အွင်း.... "

ခေမာ့စကားကို သံယောင်လိုက် ခေါင်းညိတ်လိုက်ရင်း သောက်လက်စကော်ဖီကို ယောင်ယမ်းကာ နှုတ်ခမ်းနဲ့မှုတ်ပြီးမှ သောက်လိုက်တော့ အေးစက်နေပြီမို့ ကော်ဖီခွက်အကွယ်ကနေ နံ့သာရုံ ဖွဖွပြုံးလိုက်မိသည်။
သူကလည်း ရှေ့ရက်တွေမှာ ပြင်ဦးလွင်သွားနေကာ သူမကလည်း အလုပ်တွေနဲ့မို့ ခုမှ ချိန်းပြီးတွေ့ဖြစ်တာပင်။ ပြင်ဦးလွင်ရဲ့ ရေမြေရာသီဥတုနဲ့ တည့်လို့ပဲလား စိတ်တွေချမ်းသာလာလို့ပဲလားမသိ ခေမာတစ်ယောက် အသားရေပြည့်ပြည့်ဝင်းဝင်းလေးတောင် ဖြစ်လာသည်။ ဆံပင်တောင် ပုံစံချိန်းထားတာ။ အပြာနုရောင်လေးဆိုးထားပြီး ခုခေတ်စားနေသည့် အောက်ပိုင်းမှာ အထပ်ထပ်လေးတွေနဲ့ ချိုင်းအောက်လောက်ကို လှလှလေးညှပ်ထားတော့ သူမကြည့်ပြီး သဘောကျမိသည်။ ကိုယ်တိုင်က အဖြောင့်တွေ ဆေးဆိုးတာတွေ မီးအပူတွေကြောက်လို့ ဆံပင်ကို တို့ထိခြင်းမရှိခဲ့။ တစ်ခါတစ်လေ သူများတွေလှတာမြင်တော့လည်း ငေးမိသား။ ငေးတယ်ဆိုရုံလေးပါပဲ.... ။

" မ... "

" ဟင် "

" မောင်ပြောတာ စဥ်းစားထားပြီးပြီလား "

" ဘာကိုလဲ အဆက်အစပ်မရှိ "

" ဦးသော်ကနဲ့ ကွာရှင်းဖို့ကိစ္စလေ ပြီးတော့ ... ရှင်းစရာရှိတာတွေလည်း ရှင်းရမှာပေါ့ မရဲ့ "

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now