အပိုင်း(၄၁)/အပိုင္း(၄၁)

66 8 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၄၁)
..........................

" စည်း.... "

လျှပ်တပြက်အတွင်း သူ့ဆီ ပြေးဝင်လာသည့် ပုံရိပ်တစ်ခု... ။ ထိုပုံရိပ်က သူ့လည်တိုင်အား သိုင်း၍ပွေ့ဖက်လာတာမို့ ကြောင်သွားရင်း ခန္ဓာကိုယ်ကို အသာဆွဲခွာလိုက်သော်လည်း အတင်းဖက်တွယ်ထားသည်မို့ စည်းမျက်မှောင်ကြုတ်လိုက်မိ၏။ သူမဘက် ကြည့်လိုက်တော့လည်း သူ့နည်းတူ အံ့အားသင့်နေဟန်ပင်။ မျက်နှာအား မမြင်ရပေမယ့် အမြဲစွတ်နေကျ ရေမွှေးနံ့ကြောင့် သူ့ရင်ခွင်ထဲက တစ်စုံတစ်ယောက်က ဘယ်သူဆိုတာ စည်းသိလိုက်ပြီ။

" ဂျူးဂျူး.... "

" ဟီး happy birthday "

ကိုယ်ချင်းခွာလိုက်ပြီး မျက်လုံးများ ဖွဖွမှိတ်၍ လက်နှစ်ဖက်ဆန့်တန်းကာ ပြုံးရွှင်မြူးထူးသော မျက်နှာဖြင့် အသံသာသာလေးဆိုလိုက်သော ဂျူးဂျူးမြင့်အောင်... ။

ဤအခြေနေက ဘာပါလိမ့်... ။ ဘာပဲဖြစ်နေနေ နံ့သာရုံအတွက်တော့ တံတွေးပင်မြိုချဖို့ ခက်ခဲလွန်းနေသည်။ မျက်တောင်ခတ်ဖို့ မေ့လျော့စွာ ငေးမောကြည့်နေရင်း သူမဟာ ထိုနေရာ၌ လူပိုတစ်ယောက်လို ခံစားလာရ၏။ နောက်သို့ ခြေလှမ်းတွေ ဆုတ်လိုက်မိသည်။

" Surprise ဖြစ်ရဲ့လား.... ဟင် စည်း "

ရူတည်တည်ရှိနေရာမှ ရုတ်ခနဲ ပြုံးလိုက်သော စည်းချင်းသည် ခေါင်းတစ်ချက်ညိတ်လိုက်ရင်း ဂျူးဂျူးကို ပွေ့ဖက်လိုက်တာမို့ ရုံ့နှုတ်ခမ်းတွေ တင်းရင်းသွား၏။ အံကိုကြိတ်ထားရင်း အကြောင်သားငေးကြည့်နေမိသည့် မိမိကိုယ်ကိုလ​ည်း အားမရပါ။

ဂျူးဂျူးကို ခပ်တင်းတင်းဖက်ထားလျက် သူမလေးကို မသိမသာရှိုးလိုက်၏။ သူမြင်တွေ့ချင်နေသော သူမအနေထားကို တွေ့ရပြီမို့ လှိုက်ခနဲဝမ်းသာသွားရသည်။

" ဂျူးဂျူးစောပြီး ပြန်ရောက်နေတာ နှစ်ရက်ရှိပြီသိလား..... စည်းကိုအရမ်းတွေ့ချင်နေပေမယ့်လေ မနည်းအောင့်အီးသည်းခံပြီး စည်းမွေးနေ့ကို စောင့်နေခဲ့ရတာ သိရဲ့လားလို့ "

" အဟွင်း ဟုတ်လား.... ကိုယ်လည်းလေ ဂျူးကို အရမ်းအရမ်းသတိတွေရနေတာပါဗျ "

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now