String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၃၀)
............................" ရင်တုန်လိုက်တာ "
မတွေ့တာကြာလို့ အချိုးပြောင်းမယ်မထင်လိုက်နဲ့ ပိုတောင်ဆိုးလာသေးတယ်။ တကယ်ပါပဲ... စိတ်ရှုပ်ရှုပ်နဲ့ ရေရွတ်လိုက်ပြီး ဘေစင်ဘက်ပြန်လှည့်လိုက်တော့ စင်လေးပေါ်မှာ တီရှပ်လေးတစ်ထည်။ စောနကထိ သူမ အဲ့တီရှပ်ကို မတွေ့မိပါဘူး... ။ စည်းချင်းယူလာပြီး ထားသွားတာများလား။ စဥ်းစားမိတာဆိုလို့ အဲ့ဒါပဲရှိသည်။ မမြင်လိုက်မိသလိုမျိုး ကြည်ပြာရောင်တီရှပ်လေးကို ကိုင်တောင်မကြည့်ဘဲ အဲ့အတိုင်းထားခဲ့ပြီး ဇာနည့်အခန်းသို့ ခပ်မြန်မြန်ပြန်ဝင်လာတော့ စည်းချင်းက သူ့ညီနဲ့ စကားပြောနေ၏။
သူမ စာသင်သည့်ထိုင်ခုံမှာထိုင်နေတာမို့ ခေါင်းကုပ်လိုက်ပြီး ဇာနည့်ကို အကူညီတောင်းသလိုမျိုး မျက်ဝန်းတွေဖြင့် လှမ်းကြည့်လိုက်တော့....
" ဆရာမလေး.... အပူလောင်သွားလို့ဆို ဒေါ်ထားဆေးဘူးလာပေးသွားတယ် "
" ရတယ်ဇာနည် မမအဆင်ပြေတယ် "
" ဒီမှာထိုင်လေ ဆရာမလေး... "
ပွင့်လင်းသော အပြုံးမျက်နှာဖြင့် ဇာနည်လေးကပြောလိုက်သော်လည်း စည်းချင်းက အလိုက်ကမ်းဆိုးမသိ ဆက်၍ထိုင်နေဆဲတည်း။
" ကိုကြီး.... ဆရာမလေးထိုင်မို့လေ "
" အေး ထိုင်ပေါ့ "
ဘောက်ဆတ်ဆတ်ပြောလိုက်သည့် စည်းချင်းကို ဇာနည်လေးမနိုင်ပါ။ နံ့သာရုံသည် အမြင်ကပ်စရာကောင်းအောင် ချေပြနေသည့်သူ့ကို စွေစောင်းကြည့်လိုက်၏။ အခန်းထဲမှာ ထိုင်ခုံက သူထိုင်နေတဲ့ခုံရယ် ဇာနည့်ထိုင်ခုံရယ်ပါ နှစ်ခုံတည်းရှိတာကြောင့် သူ့စကားအရ သူမက သူ့ပေါင်ပေါ်ပဲ တက်ထိုင်ရမလား။ စားပွဲပေါ်ပဲ တက်ထိုင်ရတော့မည်လား။ သည်းခံနိုင်စွမ်းကို တော်ရုံပဲဆွနော်ဟု မျက်မှောင်ကုပ်၍ စိတ်ထဲ သတိပေးသလိုပြောလိုက်ချိန်မှာပင် စည်းက သူမဘက် ဖျတ်ခနဲလှည့်လာတာမို့ ရုတ်ခနဲ အကြည့်လွှဲလိုက်ရင်း.....
" မမတွက်ခိုင်းထားတဲ့ ပုစ္ဆာတွက်ပြီးပြီလား "
" ဗျာ တွက်တုန်းဆရာမလေး ပြီးသေးဘူး အဟဲ "
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...