အပိုင်း (၄) / အပိုင္း (၄)

148 10 0
                                    

Zawgyi Font ⤵️
***************

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၄)
.........................

ခေါင်းစည်းကွင်းပျက်လေးကို တစ်လှည့် လှေကား​ဘက်ကိုတစ်လှည့် စည်းချင်း ရုတ်တရက် ယောင်နနလေးကြည့်နေပြီးမှ သူလည်း အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။ အောက်ထပ်က ကော်ရစ်တာမှာ ရှင်းလင်းပြီး စာသင်သံမှတစ်ပါး ပြင်ပစကားပြောသံများမရှိ တိတ်ဆိတ်လျက်....။ သူမဘယ်အခန်းထဲဝင်သွားတာပါလိမ့်။ စွတ်ရွတ်ဝင်သွားဖို့က ကိုယ်ကျင်လည်ရာမဟုတ်သလို ဆရာမတွေ စာသင်နေတာမို့ စည်းအဖို့ တစ်စုံတစ်ရာလုပ်ဖို့ အခွင့်မသာပေ။

အပြင်မှာတော့ မိုးစက်တွေက တဖွဲဖွဲ... ။ လေငြိမ်သွားသဖြင့် ထိုမိုးစက်တွေက သူ့အတွက် မှုစရာမဟုတ်တာမို့ ခေါင်းစီးကွင်းကို ဘောင်းဘီအိတ်ထဲထည့်၍ ပြန်ထွက်ခဲ့တော့သည်။

မိန်းမလှလေး.... ငါတို့ထပ်တွေ့ကြမယ်။  ငါက မင်းကိုတွေ့ချင်တယ်ဆို မင်းတွေ့ချင်ချင်မတွေ့ချင်ချင် ရေစက်ပါပါမပါပါ ငါတို့နှစ်ယောက် တွေ့ကိုတွေ့ရမယ်။
ဘာလို့လဲဆို တွေ့ချင်တဲ့သူက စည်းချင်းဖြစ်နေလို့ပဲ... ။

° ° ° ° ° °

စာသင်ချိန်တစ်ချိန်လွတ်သွားကာ နောက်တစ်ချိန်မစခင်လေး ဆရာမရောက်မလာခင်မှာ နံ့သာရုံ အခန်းထဲ အမြန်ပြန်ဝင်လာခဲ့လိုက်သည်။ ဖြန့်ကျနေသော ဆံပင်တွေကို စုသိမ်း၍ ရှေ့ဘက်သို့ပို့ကာ လက်တစ်ဖက်နဲ့ကိုင်ထားရင်း နောက်ပေါက်ကနေ လှစ်ခနဲ ဝင်လာသော ရုံ့ကို ခေမာမှလွဲ ဘယ်သူမှ သတိမထားမိကြချေ။

" ကြာလိုက်တာဟာ... တီချယ့်ကိုရောတွေ့ခဲ့တယ်မလား ... "

အသံအုပ်အုပ်ဖြင့် ပြောသော ခေမာ့ကို အာရုံမစိုက်နိုင်သေးဘဲ အကျီနဲ့ထဘီပေါ်ကရေစက်တွေကို လက်ဖြင့်သပ်ချနေတာမို့ ခေမာက သူမအားကြည့်၍ ဆက်ပြော၏။

" စာကြည့်တိုက်ဟောင်းမှာရှိမယ်ထင်လို့ ငါမလိုက်တော့တာ ဘယ်မှာတွေ့ခဲ့တာလဲ "

" အရင်စာသင်ဆောင်ဟောင်းမှာလေ "

" သြော် စာသင်ဆောင်ဟောင်းက ဒီနဲ့အဝေးကြီးကို လမ်းလျှောက်ရသေရောပေါ့ ငါပါလိုက်ခဲ့ရမှာ အတွေးမှားသွားတယ် "

String of Heart (နှလုံးသားစောင်းကြိုး)Tahanan ng mga kuwento. Tumuklas ngayon