String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၇)
........................ညနေခင်းလေးမို့ နေဝင်ဆည်းဆာနဲ့အပြိုင် လှပနေသော ပန်းခြံရဲ့ရှုခင်း။ တံတားပေါ်မှာ ဓာတ်ပုံရိုက်နေသူတွေ၊ ပန်းခင်းတွေနဲ့ ဓာတ်ပုံရိုက်နေသူတွေ လိမ္မော်ရောင် နေဝန်းကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေသူတွေနဲ့ ပန်းခြံတစ်ခုလုံးသည် ပန်းချီကားတစ်ချပ်လို အသက်ဝင်လျက်.... ။ တံတားအောက်က ရေလှိုင်းကြက်ခွပ်ကလေးတွေသည် နေရောင်ကြောင့် ရွှေရောင်တောက်ကာ အလှချင်းပြိုင်လို့နေသည်။
လျှောက်လမ်းအတိုင်း လျှောက်လာနေသော စည်းချင်း။ သစ်သားခုံပုလေးမှာ ထိုင်နေသော အိန်ဂျယ့်ကိုတွေ့သည်နှင့် ဘောင်းဘီအိတ်ထဲက လက်ကိုထုတ်၍ နေကာမျက်မှန်ကိုချွတ်ကာ အတွင်းကအနက်ရောင်အကျီရင်ဘက်၌ ချိတ်ထားလိုက်၏။ ပြီးနောက် သူမရှိရာ တစ်လှမ်းချင်းပဲ အေးဆေးလျှောက်သွားလိုက်သည်။ ကန်ရေပြင်ကို ဖြတ်တိုက်လာသည့် အေးစိမ့်သောလေကိုလည်း ခေါင်းမော့၍ တဝရှူလိုက်ပါသေးသည်။
" တကယ်ရောက်လာသားပဲ.... စောင့်ရကျိုးနပ်ပါတယ် "
အိန်ဂျယ်က ထိုင်နေရာက ထရပ်လိုက်သော်လည်း သူမထိုင်ထားသောနေရာတွင် စည်းခပ်တည်တည်ဝင်ထိုင်သည်မို့...
" ဘာထိုင်လုပ်မို့လဲ... အပန်းလာဖြေခိုင်းတာမဟုတ်ဘူး ခုထပြီး အိန်ဂျယ်ကျေနပ်တဲ့အထိ တောင်းပန် "
လက်နှစ်ဖက်ပိုက်ထားပြီး တစ်ဖက်သို့ မျက်နှာလှည့်လျက် ဟိတ်ဟန်ချီထားသော အိန်ဂျယ့်ကို စည်းတစ်ချက် မော့ကြည့်လိုက်ပြီး သူ့အိတ်ထဲက ဖုန်းကိုအပြင်ထုတ်လိုက်၏။ နောက် recording မှတ်ထားသော file ကို လက်ညှိုးလေးနဲ့ ထောက်ကာ ဖွင့်လိုက်တော့....
" အခုပြောနေတာ ညနတ်သမီးလေး အိန်ဂျယ်ဖြစ်ပါတယ်ရှင်... "
ဖုန်းထဲကနေ သူမကိုယ့်အသံကိုယ် ပြန်ကြားလိုက်ရသဖြင့် မယုံကြည်နိုင်စွာ ချာခနဲ နောက်သို့လှည့်ကြည့်လိုက်မိ၏။ စည်းက ဖုန်းကိုလက်တစ်ဖက်က မြောက်ပြလျက် မခိုးမခန့်ပြုံး၍ ခြေချိတ်ထိုင်နေပုံက တကယ့်ကို သွေးအေးလူသတ်သမားကဲ့သို့ပင်။
ŞİMDİ OKUDUĞUN
String of Heart (နှလုံးသားစောင်းကြိုး)
Romantizm" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...