Chapter 1+2

2.6K 150 5
                                    

Chapter 1 : God-Given Codex...(နတ်ဘုရားချီးမြင့်သည့် ကျမ်း)

တိမ်ကင်းစင်းနေသော ကောင်းကင်ပြာ ... လေညှင်းက သွဲ့သွဲ့ ...
တောင်ကြားတစ်လျှောက် စားပင် ၊ အရိပ်ရပင် တို့ဖြင့် စိမ်းလို့စိုလို့ ...

ချောက်နက်တွေ တစ်ဖက်တစ်ချက်မှာတည်ရှိနေသော တောင်ကြားလမ်းလေးရဲ့ ဝင်ပေါက်က တစ်ခုတည်းသာ...
ထိုဝင်ပေါက်လမ်းကြောင်းလေးကို 'ကောင်းကင်သွားသည့်လမ်း' ဟုအမည်တွင်၏...

လူသူကင်းမဲ့နေရမည့် တောင်ကြားလမ်းလေးပေါ်မှာ လူတန်းကြီးတစ်စု ညီညာစွာ တန်းစီနေသည်...
လူတန်းကြီးထဲက လူအားလုံး သူတို့ရဲ့ လက်တစ်ဖက်ကို နှလုံးသားတဲ့တဲ့ ရင်ဘတ်ပေါ် ဘာသာရေးကိုင်းရှိုင်းမှု ၊ ရိုသေသမှုဖြင့် အုပ်ကိုင်ထား၏...

တရွေ့ရွေ့ဖြင့်သွားနေသော လူအုပ်ကြီးဟာ တခါတရံ မိနစ်တချို့ရှိမှ ရှေ့ကို တစ်လှမ်းတိုးနိုင်ပေမဲ့ မည်သူကမျှ ဆူညံမှုမရှိ ၊ ရှေ့ကိုတွန်းတိုက်သွားခြင်းလည်း မရှိ ...

လူအုပ်ကြီးရဲ့ ထူးခြားမှုတစ်ခုက - အသက် ၅နှစ် ၆နှစ် အရွယ် ကလေးတစ်အုပ်စုကို လူကြီးတစ်ယောက်က ဦးဆောင်လာခဲ့ခြင်း ... ကလေးငယ်တွေက အသက်သာငယ်ပေမဲ့ ဆူညံခြင်းတစ်စက်မရှိ ၊ ရိုသေစွါဖြင့် ငြိမ်ငြိမ်သက်သက်သာ နေကြသည်... တချို့ရဲ့ မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုဖြင့် အရောင်တစ်လက်လက် ...

စောင့်ဆိုင်းရတာ အတော်ကြာသည်မို့ သူတို့ ဗိုက်ဆာလာသည့်အခါဆိုလည်း အသင့်ပါလာသည့် မုန့်ထုပ်ထဲကနေ မုန့်ခြောက်တွေကို တိတ်တဆိတ်သာ ယူစားကြ၏..
ရေဆာလာလျှင်လည်း သူတို့ကျောနောက်မှာ လွယ်ထားသည့် ဝါးပိုးပေါက်ရေဗူးထဲကနေ သောက်ကြ၏...
ဒါပေမဲ့ သူတို့လုပ်စရာရှိတာတွေလုပ်ပြီးသည်နှင့် လက်တစ်ဖက်ကို ရင်ဘတ်ပေါ် ပြန်တင်ကာ တရိုတသေ ဝတ်ပြန်ပြုမြဲ ...

ဖာ့ဟွား တန်းစီနေတာ ၃ရက် နဲ့ ၃ည ရှိခဲ့ပြီ ... အနားယူလဲလျောင်းခြင်းမရှိပဲ တရွေ့ရွေ့သာ သွားနေရသည်မို့ ၅နှစ်ကလေး တစ်ယောက်အနေနဲ့ တစ်ချက်တစ်ချက် စိတ်တွေ မျောလွင့် လို့သွားတတ်သော်လည်း ဖာ့ဟွား ရဲ့ မျက်လုံးတွေကတော့ စူးရှနေဆဲ ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now