Chapter 129+130+131+132(Zawgyi)

158 5 0
                                    

Chapter 129 : The Great Governor of the Five Thunder Legion ...
မိုးကြိုးစစ်တပ်၊ တပ်ရင်း(၅)၏
တပ်ဦးစီးချုပ်...

ဦးလေး လိတ်ရမ် ထွက်သွားသည်နှင့် လန်ကော ဖာ့ဟွားဖက်ပြန်လှည့်ပြီး မယဉ်ကျေးသော အမူအရာတစ်ခုကို လုပ်ပြတယ် ...

ဖာ့ဟွား က လန်ကောရဲ့ ကလေးဆန်မှုကို အာရုံမထားနေပဲ -
"မင်းရဲ့ ဦးလေး နဲ့ မင်း က ဆက်ဆံရေး မကောင်းဖူးလား?"

"ဘာလို့လဲ?? ငါတို့ကြားက ဆက်ဆံရေး က ကောင်းပါတယ်.. သူက ပါးအယုံကြည်ရဆုံး အမျိုးထဲကတစ်ယောက်ပဲ..."

"တော်နေက မင်းရဲ့ပူဆွေးမှုကို သူနှစ်သိမ့်သွားတဲ့ပုံက သိပ်ပြီး အသက်မပါနေလို့"

လန်ကော ရှောခ့်ရသွားပြီး မျက်လုံးတွေက ပြန်ရီဝေလာလျက် -
"...အချိန်တွေကြာလာတော့... မေ့ပျောက်သွားကြတာမျိုး ဖြစ်လောက်မှာပါ..."

"သူ့ရဲ့ စွမ်းအင်အခြေအနေက? မင်းတို့ ပညာဖလှယ်ခဲ့ဖူးလား?"

လန်ကော ခါးသီးစွါဖြင့် -
"အဲ့လိုတွေ မရှိခဲ့ဖူးဘူး... ကြားမိသလောက် သူက အဆင့်-၈ ... အချိန်တချို့ကြာခဲ့ပြီဆိုတော့ အဆင့်-၉ ကို တက်နိုင်ခဲ့ပြီလားတော့ မသိနိုင်ဖူး... သူက တော်ဝင်မိသားစုပဲဆိုတော့ ဒီနေ့ပြိုင်ပွဲက မိုးကြိုးမြို့အရှင် ရွေးဖို့အတွက်ဆိုတာ ကြိုသိထားမှာပဲ ... ဒါဆို သူ့အမူအရာပြောင်းနေတာက..."

ဖာ့ဟွား က -
"ဖြစ်နိုင်တယ် ... မင်းအခု ပြိုင်ဖက်တွေနဲ့ တွေ့ရတော့မှာ ၊ ပေါ့ပေါ့ဆဆမနေနဲ့ .. မိုးကြိုးမြို့အရှင် ဆိုတဲ့ နေရာကို အရယူမယ်လို့ ဆုံးဖြတ်ထားရင် ရင်ထဲက ဝမါးနဲမှုတွေကို ခဏဖျောက်ထား... အထူးသဖြင့် ဒီပွဲက ငါတို့နှစ်ယောက်လုံး ပါရမဲ့ ပွဲမဟုတ်ဖူး.. မင်းရဲ့တစ်ကိုယ်တော်ပွဲ."

"အင်း.."
လန်ကော ခေါင်းငြိမ့်နာခံပြီး ရင်ထဲက ဝမ်းနဲပူဆွေးမှုတွေကို ချွန်းအုပ်ထိန်းထားလိုက်၏...
တကယ်တော့ သူက ဖာ့ဟွားဆီက အကြံပေးစကား ၊ နှစ်သိမ့်စကား ၊ ဆူပူစကား တွေကို ကြားလိုက်ရတိုင်း ဝမ်းနဲမှုက နဲပါးသွားခဲ့ပြီးသား...

ထိုအချိန် စင်မြင့်ပေါ်ကို လူတစ်ယောက်တက်လာ၏ ... ထိုသူက မိုးကြိုးမြို့တော်၏ ဝန်ကြီးချုပ် ၊ လန်ရှင်း ၏ ညာလက်ရုံး ..

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Opowieści tętniące życiem. Odkryj je teraz