Chapter 114+115+116+117(Unicode)

285 32 1
                                    

Chapter 114 : Human Talent...
လူသားတို့ရဲ့ ပင်ကိုယ်စွမ်းရည်...

လူသားမျိုးနွယ် မပေါ်လာခင်အထိ?? ဒါက ... ဘာကိုဆိုလိုချင်တာလဲ??

အနီရောင်ဘုရင်မ က စကားဆက်တယ် -
"ရေခဲခေတ် အလယ်ပိုင်းလောက်က ... မိစ္ဆာနယ်မြေ ၊ သားရဲမိစ္ဆာတွေက အခုခေတ်လို ကျင့်ကြံစဉ်အဆင့်မြင့်လေ ၊ လူသားနဲ့ပိုတူလာလေ ဆိုတာမျိုးတွေမရှိသေးပဲ ၊ သူတို့ရဲ့ပင်ကိုယ်မူရင်းသားရဲပုံစံနဲ့ပဲနေထိုင်ကျင့်ကြံခဲ့ကြတယ်...
လူသားမျိုးနွယ်တွေကို နတ်ဆိုး မိစ္ဆာတွေကပဲ ဖန်တီးခဲ့သလား? ဒါမှမဟုတ် သဘာဝအတိုင်းပေါ်ပေါက်မွေးဖွားလာသလားဆိုတာကိုတော့ ငါလည်း အသေအချာမသိဖူး...
ဘာကြောင့်ပဲဖြစ်ဖြစ် .. သေချာတာတစ်ခုကတော့ ... လူသားပုံစံကသာလျှင် ကျင့်ကြံစဉ်အဆင့်မြင့်စေဖို့ အထောက်အကူပြုဆုံး ဆိုတာပဲ"
"မင်းတို့ လူသားမျိုးနွယ်အစစ်တွေက ပင်ကိုယ်စွမ်းရည်ဆိုတာ ဘာမှမရှိဖူး .. ဒါပေမဲ့ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှု ၊ အမျှော်အမြင်ကြီးမှုတွေက သူ မတူအောင် ကောင်းမွန်ကြတော့ ၊ မသန်မာပေမဲ့ တဖြေးဖြေးနဲ့ စွမ်းအင်တွေကို ထိန်းချုပ်တတ်လာကြတယ်... မင်းတို့ရဲ့ ကျင့်ကြံစဉ်အဆင့်တိုးတက်နှုန်းက မိစ္ဆာတွေထပ် ၁၀ဆ မြန်နေခဲ့တယ် ...
ရေခဲခေတ် ဆိုတာလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ ကတည်းက ပေါ်ပေါက်ခဲ့တယ်ဆိုပေမဲ့ သမိုင်းကြောင်းမှာ နှစ်ပေါင်း ၂၀၀၀ လို့ပဲ ရှာတွေ့ခဲ့တာ ဘာကြောင့်လို့ထင်လဲ??
သားရဲမိစ္ဆာတွေက သမိုင်းကြောင်း မှတ်တမ်းတင်ဖို့အတွက်ကို စဉ်းစားတွေးခေါ်မှုမရှိခဲ့လို့ပဲ."
"မင်းတို့လူသားတွေကျတော့... စပေါ်ပေါက်လာပြီး နှစ်ပေါင်း ၁၀၀၀ တောင် မကြာလိုက်ပဲ ကျွန်ဘဝကနေ ကိုယ့်ထီးကိုယ့်နန်းနဲ့နေနိုင်တဲ့အနေအထားအထိ ဖန်တီးတတ်ခဲ့ကြတယ်..
ဒါက ဘာကိုညွှန်ပြချင်နေတာလဲ?? မင်းမှာ ခွန်အားမရှိပေမဲ့ ဥာဏ်ရည်ဥာဏ်သွေးကောင်းနေရင် တိုးတက်မှုမြန်မယ် ဆိုတာပဲ ... မိစ္ဆာတွေက လူသားတွေရဲ့ တိုးတက်မှုတွေကို သတိထားမိပြီး ဘိုးဘွားနန်းဆောင်မှာ လူသားတွေရဲ့ ပုံပန်းသဏ္ဍာန် ၊ စိတ်နေစိတ်ထား ၊ ဥာဏ်ရည်ဥာဏ်သွေးတွေကို ဆန်းစစ်လေ့လာခဲ့ကြတယ် ...
နောက်ဆုံးထွက်လာတဲ့ရလဒ်ကတော့ - ကျင့်ကြံစဉ်အမြင့်ဆုံးအဆင့်တွေကိုတက်လှမ်းနိုင်ဖို့အတွက် လူသားပုံသဏ္ဍာန်ပြောင်းဖို့က လိုကိုလိုအပ်တယ်ဆိုတာပဲ .. ဒါကြောင့်မို့ သားရဲမိစ္ဆာတွေက အဆင့်-၈ ကျော်တာနဲ့ လူပုံသဏ္ဍာန်နဲ့ အနီးစပ်ဆုံးတူအောင် သဏ္ဍာန်ပြောင်းဖို့ အရမ်းအားသန်ကြတယ်... သားရဲအသွင်ကနေ လူပုံသဏ္ဍာန်ပြောင်းပြီး ဆက်ကျင့်ကြံမှ အဆင့်-၁၂ ကိုတောင် ကျော်လွန်တဲ့ နတ်ဘုရားကြီးတွေ ဖြစ်နိုင်ချေရှိမယ် ..."

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Tempat cerita menjadi hidup. Temukan sekarang