Chapter 75/76 : Queen of Red Treasure ...
အနီရောင် ရတနာ ဘုရင်မ ...
Queen of HongBao ...
ဟုန်ပေါင် ဘုရင်မ ...ယုံကြည်စိတ်ချဖို့ နဲနဲလေးမှမကောင်းတဲ့ ပုလဲ !!
အမြဲ အလုပ် လုပ်ချင် ၊ ဆက်နွယ်ပေးချင်နေတဲ့ ပုလဲက အရေးနဲ့အကြောင်းနဲ့ အသက်အန္တရာယ်နီးနေပါပြီဆိုတဲ့အချိန်ရောက်မှ အလုပ် မလုပ်တော့ဖူးတဲ့ !!! ကောင်းကြသေးရဲ့လား !?လုံးဝကို ယုံကြည်အားထားလို့မရတဲ့ ရှေးဟောင်းအမွေအနှစ် မှော်ပစ္စည်းကြီးပါပဲ !! မယုံကြည်ရတဲ့နေရာမှာ သူက လုံးဝကို စံပြနော်!!
ဖာ့ဟွားနှင့်လန်ကော ရင်ထဲမှာ မျက်ရည်မိုးတွေ တဖြိုင်ဖြိုင်ရွာနေပြီဖြစ်သည် ... သူတို့ဘယ်လိုမှ ပြေးလွတ်မလွတ်နိုင်တော့ဖူးလေ !!
တုနှိုင်းမဲ့ပုလဲဆိုတဲ့ဟာကလေ ... သူများနှလုံးကို သွားလုချင်တာလည်း သူ ! ဘာမပြောညာမပြော စားပစ်တာလည်း သူ ! အခုကျတော့ သေချင်ယောင်ဆောင်နေသတဲ့ !!"ဟိုလေ ... မိန်းမလှလေး ... ကျွန်တော်တို့ကို စကားနဲနဲလောက်ပြောခွင့်ပြုနိုင်မလားဟင်?"
လန်ကော ချောင်းခြောက်တစ်ချက်ဖျစ်ညစ်ကာဟန့်ရင်း ကို့ရို့ကားယားနိုင်စွါ စကားစမိတော့ ရေခဲတမျှအေးစက်နေသော အကြည့်တွေ သူ့ထံဒိုင်းကနဲရောက်ချလာချိန် ၊ သူတုပ်တုပ်မျှတောင် မလှုပ်ရဲတော့ ...
အနီရောင်ဆံရှည်နှင့်မိန်းမလှလေးက အေးစက်စက်လေသံဖြင့် -
"ပြော"လန်ကော အပြုံးတစ်ပွင့်ကို ဆင်ထားရင်း -
"ကျွန်တော်တို့ မမိတ်ဆက်ရသေးဖူးနော် ... နာမည်ဘယ်လိုခေါ်သလဲဗျ?"
သူက ကြင်နာတရားအပြည့်နဲ့ သူတစ်ယောက်ဖြစ်တာမို့ သေခါနီးအချိန်မှာ စိတ်ကိုလွှတ်ချထားလိုက်တော့တယ် ..."အနီရောင်ဘုရင်မ"
<ဟုန်ပေါင်ဘုရင်မ>
အနီရောင်မိန်းမလှလေးက လန်ကောရဲ့မေးခွန်းကို တကယ်ကြီး အတည်အတံ့ပြန်ဖြေလာတယ် ..သူမရဲ့အဖြေစကားက အားတင်းပြုံးထားရသည့် လန်ကောရဲ့ အပြုံးတွေ ကို ယိုင်နဲ့နဲ့ ဖြစ်သွားစေသည် ...
သူမကတကယ်ကြီး ပုရွတ်ဆိတ်မျိုးနွယ်စုရဲ့ ဘုရင်မ ဖြစ်နေတာပဲ !အပြန်အလှန်စကားတစ်ခွန်းပြောပြီးသည့်အချိန် လန်ကော ခေါင်းထဲ အတွေးတစ်ခုဝင်လာကာ ၊ သတိကြီးကြီးထားပြီး -
"အရှင်ဘုရင်မ ခင်ဗျာ ... အရှင့်ရဲ့စွမ်းအားနဲ့တောင် နှလုံးသား ဘယ်မှာရှိနေတယ်ဆိုတာကို ခံစားလို့မရဖြစ်နေတာပါလားခင်ဗျ?"
နှစ်ဖက်ရဲ့အင်အားက မိုးနဲ့မြေလိုကွာနေတဲ့အချိန်မှာ ... အကယ်၍သာ နှလုံးသား က ဖာ့ဟွားနှင့်သူ့ကိုယ်ထဲမှာ ရှိနေကြောင်းကို ဘုရင်မ ခံစားမိနေပါက သူတို့နှစ်ယောက်ကို တစစီဆွဲဖြဲပြီးပြီပေါ့ ...
အခုလို အချိန်ပေးပြီး စစ်မေးနေပုံထောက်ရင် ဘုရင်မကိုယ်တိုင်လည်း သူမနှလုံးသား ဘယ်ရောက်နေမှန်း အတိအကျ မသိနေလို့ပဲ !
တုနှိုင်းမဲ့ပုလဲ တည်ရှိမှုကို သူမအာရုံမခံနိုင်ဖူးပဲ !
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...