Chapter 164+165

320 39 3
                                    

Unicode

Chapter 164 : I would like to love the whole world for you...
မင်းအတွက်ဆိုရင် တစ်လောကလုံးကိုတောင် ငါချစ်ပေးနိုင်တယ်...

နွေးထွေးမှုအပြည့်နှင့်ဖြစ်ပေါ်လာတဲ့ခံစားချက်က ... 'မင်းအတွက်ဆိုရင် တစ်လောကလုံးကိုတောင် ငါချစ်ပေးနိုင်တယ်' ... ဆိုတဲ့ ပြင်းထန်ခြင်း ၊ နူးညံ့ခြင်းရောပြွန်းနေတဲ့ ခံစားချက်မျိုး ...

//ဖောင်း //
ပိုင်းဒို ခုန်အုပ်ပြီး ထိုးထဲ့လိုက်တဲ့ တတိယမြောက်လက်သီးချက်မှာ ဖာ့ဟွားတို့ မီတာဒါဇင်ခန့် လွင့်စင်သွားခဲ့ပေမဲ့ လန်ကောထုတ်သုံးထားတဲ့ - မီးဒြပ်စင်ဥပဒေ(နွေးထွေးမှု) ရှိ​နေတာကြောင့် သူတို့တွေချက်ချင်းပြန်မတ်တပ်ရပ်နိုင်ခဲ့တယ် ...
ပိုင်းဒို မြေပြင်ပေါ်ကို ဖြေးညင်းစွါခြေစုံပြန်ကျလာချိန် သူ့အနည်းငယ်တော့ အံ့အားသင့်သွားရကာ အမြဲတိတ်ဆိတ်နေတတ်သော ပိုင်းဒို နှုတ်ကနေ -
"စိတ်ဝင်စားစရာပဲ..."

//ဟမ်? ဘ...ဘာ... ဘာာ!!!!//
လန်ကော စိတ်ချင်းဆက်သွယ်ထားရာကနေ ကျယ်လောင်စွါဖြင့် -
//မင်းက ဘယ်သူတွေကိုချစ်ပေးနိုင်တာ?? ဘယ်သူ့ကိုချစ်တာတွေပြောနေတာလဲ???!!!//
<"hmmm? wh...what!"
Lan Ge scolded Fa Hua angrily in his heart at this time,
"Who do you love for? For whom?">

ဖာ့ဟွားတုံ့ပြန်မှုကတော့ -
"ဗက် ဟက် ဟက်"
ပိုင်းဒိုရဲ့ တတိယမြောက်လက်သီးချက်က သူတို့ကို တခြားကမ္ဘာတစ်ခုထိပါခေါ်ဆောင်သွားသလို ခံစားရပြီး အမည်မသိ ၊ ထူးခြားသည့် စွမ်းအင်တစ်မျိုးနှင့်ပါ ထိတွေ့မိစေခဲ့သည်..

ပိုင်းဒို သုံးခဲ့သည့်လက်သီးတွေထဲမှာ စိတ်စွမ်းအင် နှင့် သန်မာမှုစွမ်းအင် တို့ကို အပြည့်အဝ ရောသုံးထားတယ် ...
စိတ်ဝိဥာဏ်ကိုဖော်ထုတ်ခြင်း ၊ အတိတ်သို့ခရီးသွားစေနိုင်သည့် စွမ်းအင်တွေပါတယ် ...
ထိုလက်သီးကို - ဆဌမအာရုံ ဟုခေါ်၏ ..
ထိုလက်သီးချက်မိသွားသူတွေ အများစုသည် အတိတ်ဖြစ်ရပ်တွေထဲမှာ နှစ်မြုပ်သွားပြီး ပစ္စုပ္ပန်မှာ လုံးဝပျောက်ကွယ်သွားစေသည့်အထိ စွမ်းသည်!
ပိုင်းဒို ကို အံ့အားသင့်သွားစေသည်က - လန်ကော ဟာ မီးဒြပ်စင်၏ မူရင်းဥပဒေ ကိုပါသုံးနိုင်နေခြင်း !

ပိုင်းဒို ဟာ အိမ်ရှေ့စံတစ်ပါးဖြစ်ပြီး နတ်ဆိုးဘုရင်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော အသိပညာ ၊ အတတ်ပညာတွေကို လက်ခံယူနေသည့် စေတန်ငယ် ဖြစ်တာကြောင့် ထျန်းမိုရှန့် သည် ပိုင်းဒို အပေါ်မှာ ယုံကြည်ချက်အပြည့်ရှိတယ် !
ကြီးမြတ်လှသော နတ်ဆိုးဘုရင်လောင်းတစ်ပါးရှေ့မှာ တုနှိုင်းမဲ့ပုလဲက ဘယ်လောက်စွမ်းနိုင်မှာတဲ့လဲ??
ဘုရင်လောင်းတစ်ပါး ဘယ်လောက်ထိအစွမ်းရှိတယ်ဆိုတာကို နတ်ဆိုးမျိုးနွယ် သူတို့တွေအသိဆုံး ..
ဒါပေမဲ့ .. စဉ်းစားစရာတစ်ခုတော့ရှိတယ် ... လနတ်ဘုရား အနီရောင်ဘုရင်မ က လန်ကော နှင့် ဖာ့ဟွား ကို ဘာကြောင့် ယုံကြည်ပြီး ကတိကဝတ်တွေပါ လုပ်ခိုင်းခဲ့တာလဲ??
သူမ က လူသားနှစ်ယောက်အပေါ် ဘယ်လောက်ထိ သိနေတာမျိုးလဲ?
သူမ က လူသားနှစ်ယောက်အတွက် အသက်တစ်ကြိမ်ပေးဆပ်ပြီးတောင် ကာကွယ်ပေးခဲ့သူမို့ အခုလည်း တစ်ခုခုအန္တာရာယ်ဖြစ်စေမဲ့အရာမျိုးဆို အစကတည်းက ခွင့်ပြုခဲ့မှာမဟုတ်ဖူး ...
သူမကိုဘယ်အရာက ယုံကြည်ချက်ရှိနေစေတာလဲ??
ဘုရင်မ သိထားတာ သို့မဟုတ် ပိုင်နိုင်စွါဆုပ်ကိုင်ထားတဲ့ တစ်ခုခုရှိနေတာလား??
ဘုရင်မ နှင့် ထျန်းမိုရှန့် ထျန်းမိုဟောက် တို့သည် လနတ်ဘုရားချင်း အဆင့်တူကြပေမဲ့လို့ အသက်အရွယ်ကွာခြားမှုက ကြီးမား၏ ... သူမ က သူတို့တွေထပ် အသက်များစွာကြီးပြီး အနဲဆုံး နှစ်တစ်ထောင် သက်တမ်းရှိနေပြီ .. ဒါ့အပြင် သူမ သည် ခေါင်းဆောင်ပိုင်း မိစ္ဆာမျိုးနွယ် ကနေ ဆင်းသက်လာသူ ၊ သူမရဲ့ ဘိုးဘေးတွေက ကပ်ဆိုးကြီး မဖြစ်ခင် ၊ ဖာလန်ဂြိုလ် စတည်ကတည်းက တည်ရှိခဲ့သူတွေမို့ ဗဟုသုတပိုင်းမှာ သူ မတူအောင် ပေါကြွယ်နေပေလိမ့်မည် ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Onde histórias criam vida. Descubra agora