(Unicode)
Chapter 156 : Your heart is so big...
မင့်နှလုံးသားက အတော်ကြီးတာပဲ !"ဖွီး"
ဖာ့ဟွား ပါးစပ်အပြည့်သွေးတစ်ပျစ် ကို ထွေးထုတ်ပစ်လိုက်သည်...
မဟုတ်သေးဖူး ... ဒီအချိန်မှာ လန်ကော က သူ့ခန္ဓာကိုယ်ထဲကနေခွဲထွက်လာပြီး သူပါ သွေးတစ်ပျစ်ထွေးထုတ်လိုက်သည်မို့ ... သူတို့နှစ်ယောက်ပေါင်း ထပ်တူ အတွင်းဒဏ် ထိသွားတာ သွေးနှစ်အန်စာ ..လန်ကောရဲ့ပေါင်းစပ်ပါဝင်မှုကြောင့်သာ ဖာ့ဟွား က အဆင့်-၁၀ ယာယီဖြစ်သွားပြီး ဥာဏ်ပညာကျမ်း ကိူ ဆင့်ခေါ် အသုံးပြုနိုင်ခဲ့တာ .. တကယ့်တကယ်မှာ သူက အဆင့်-၁၀ နတ်ဘုရားတစ်ပါး မှ မဟုတ်ပဲ .. ကျမ်းရဲ့စွမ်းအင် တန်ပြန်မှုဒဏ်ကို သူအတော်ခံလိုက်ရသည် ...
ဖျက်ဆီးခြင်းဥပဒေ ကို အချိန်တချို့ကြာသည့်အထိ လန်ကော ထပ်မသုံးနိုင်တော့သလို ၊ သူသည်လည်း ဥာဏ်ပညာကျမ်း ဆင့်ခေါ်မှုကို အချိန်တချို့ထိ ထပ်မလုပ်နိုင်တော့ဖူး ...သို့သော်လည်း သူတို့ရဲ့ ရောင်ဝါက နဲနဲလေးတောင် မကျ ... တိုက်ပွဲ ၃ပွဲ ... (၃)ပွဲ စလုံး နိုင်ခဲ့တဲ့ အောင်နိုင်သူတွေ !
အဆင့်-၉ သာရှိသေးပြီး ကျိုးပဲ့ပျက်စီးလွယ်တဲ့လူသားခန္ဓာကိုယ်တွေနဲ့ဖြစ်နေတာတောင်မှ သူတို့က ကောင်းကင်နတ်ဆိုးမျိုးနွယ် ကြယ်နတ်ဘုရား(၃)ပါး ကို ဆက်တိုက် အနိုင်တိုက်နိုင်ခဲ့တယ်!
ဒါက လူသားမျိုးနွယ်အတွက် ဂုဏ်ယူဖွယ် စံချိန်သစ်ကို ချိုးလိုက်နိုင်ခြင်းပဲ !ဖာ့ဟွားနှင့်လန်ကော တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်ပြီး လက်ချင်းဆုပ်ကိုင်လိုက်သည်နှင့် .. ဖျက်ခနဲဆိုသလို ပျောက်သွားတော့သည်...
ထျန်းမိုရှန့် မျက်လုံးတွေ မှေးကျဉ်းလျက် -
"ထွက်ပြေးသွားကြတာလား?""ရှန့် ကော ... ဒီနှစ်ယောက်ကို ကော အလွတ်မပေးသင့်တော့ဖူး"
ထျန်းမိုဟောက် စိတ်ချင်းဆက်သွယ်ပြီး ထျန်းမိုရှန့် ကို ပြောတော့ ၊ ထျန်းမိုရှန့် ဖြေးညင်းစွါ ခေါင်းပြန်ငြိမ့်ပြတယ်...
ဒီနေ့မှာ ပျော့ညံ့လှသော ၊ ကျွန်သာသာအဆင့်သာရှိပါသော လူသားမျိုးနွယ်တွေက သူ့ကို အံ့အားသင့်အောင်လုပ်ပြနိုင်ခဲ့သည် ... သေးနုပ်တဲ့လူသားမျိုးနွယ်တွေထဲမှာ ထူးချွန်ပြောင်မြောက်တဲ့မျိုးဆက်ရှိလာလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့... ကြယ်နတ်ဘုရားအဆင့် နတ်ဆိုး(၃)ပါးကို တစ်ဆက်တည်း အနိုင်တိုက်နိုင်ခဲ့တာ လုံးဝပေါ့သေးသေးမဟုတ် ...
တုနှိုင်းမဲ့ပုလဲက ဤမျှထိ စွမ်းသတဲ့လား?
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...