Chapter 31+32

408 45 2
                                    

Chapter 31 : The Holy Fire of Light....
((သန့်စင်သော အလင်းမီးလျှံ..))

နှစ်ယောက်တွဲပွဲစဉ်တွင် အဆင့်(၆) ထိ တက်လာခဲ့သည့်အဖွဲ့များအထဲ မှော်နယ်မြေဖာ့ဟွား နှင့် အပြာရောင်နယ်မြေ လန်ကော တို့ အတွဲက ထင်ထင်ရှားရှား ကို Dark Horse အတွဲ ဖြစ်နေခဲ့တယ် ...

T/N : Dark Horse - လုံးဝမထင်မှတ်ထားပဲ ပေါ်ထွက်လာသော ရှောခ့်ရသွားစေသည့် အရာ၊ လူပုဂ္ဂိုလ် ကို တင်စားခြင်း ။

နှစ်ယောက်တွဲပွဲစဉ်အတွက် သူတို့ စာရင်းလာသွင်းကြတုန်းကဆို သူတို့ကို ဘယ်သူကမျှ အာရုံမစိုက်မိ ၊ သတိမထားမိခဲ့ ...
လာပြိုင်ကြတဲ့ယှဉ်ပြိုင်သူတိုင်းက နယ်မြေ အသီးသီးစီရဲ့ ကိုယ်စားပြုတွေဖြစ်ကြသလို ၊ အသက် (၃၀) ကပ်နေသည့် ဝါရင့်ကျင့်ကြံရေးပညာရှင်လူငယ်တွေအပေါ် ပရိသတ်တွေက ပိုစိတ်ဝင်စားကြတယ်... ပြိုင်ပွဲမှာ ကျင့်ကြံရေးအဆင့် မြင့်သည့် ထိုဝါရင့်သူတို့သာ နိုင်လိမ့်မည်ဟုလည်းမှတ်ယူထားကြတယ် ...
တစ်ကိုယ်တော်ယှဉ်ပြိုင်ပွဲမှာနိုင်ဖို့ဆိုရင် အနဲဆုံး အဆင့်-၇ နှင့် အထက် ရှိမှပဲ ရနိုင်မယ်!

ဘယ်သူက ထင်မှာတဲ့လဲ? အဆင့်-၅ သာ ရှိသေးတဲ့အပြင် နယ်မြေမတူ လာတွဲပြိုင်တဲ့ လူငယ်လေး နှစ်ယောက်က အတွဲ (၄၈) တွဲ ယှဉ်ပြိုင်ကြရာမှာ နောက်ဆုံး (၆)တွဲထိ တက်ခဲ့နိုင်မယ်ဆိုတာ !

မုန်တိုင်းကျချိန် တဲစိုက်ရာကွင်းပြင်ကို ကာကွယ်ပေးခဲ့သည့် သူတို့နှစ်ယောက်ရဲ့ အကြောင်းကလည်း ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပြီး မြင့်မြတ်နယ်မြေ ပေါ်မှာ လူချစ်လူခင်ပေါများလာကာ ပရိသတ်တွေပါရရှိခဲ့တယ်...
မုန်တိုင်းပြီးနောက်တစ်နေ့ လန်​ကော မုန့်ထွက်ဝယ်တော့ သူ ပိုက်ဆံတောင် ထုတ်စရာမလိုခဲ့ .. ဟိုလူက​ပေး သည်လူကကျွေး နှင့် လက်ထဲတပွေ့တပိုက်ပဲ ...
အစားအသောက်နဲ့ပတ်သက်ပြီး ဖာ့ဟွားအကြောင်း သူထပ်သိခဲ့ရတာက - ဖာ့ဟွားက သူ့မုန့်မို့ မစားတာမဟုတ် ၊ သူက သူ့အိတ်ထဲပါလာသည့် ဆန်မုန့်ခြောက် က လွဲပြီး တခြား ဘာအစားအသောက်ကိုမှ မစားခြင်း !

ဒီနေ့မှာ နှစ်ယောက်တွဲယှဉ်ပြိုင်ပွဲ စတုတ္ထပွဲစဉ် - ၆ ဖွဲ့ ကနေ ၃ ဖွဲ့ ကို လျော့ချမည့် ပွဲ ...
ဒီပွဲစဉ်မှာ အနိုင်ရလိုက်တာနဲ့ အော်တိုမစ်တစ် ပ၊ဒု၊တ ဆု ထဲ ဝင်ကို ဝင်သွားပြီ !

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Nơi câu chuyện tồn tại. Hãy khám phá bây giờ