Chapter 126 : I'm Courage...
ငါက ရဲစွမ်းသတ္တိ ...ဟုတ်ပါတယ် ... အနီရောင်ကျမ်းစာအုပ်ဟာ မှော်နယ်မြေ ပိုင်ဆိုင်သည့် ကျမ်းစာအုပ် (၁၂)အုပ်ထဲမှ 'ရဲစွမ်းသတ္တိရှိခြင်း' ဖြစ်သည်...
ကျမ်းစာအုပ်ဆီကနေ အနီရောင်အလင်းတန်းတွေက ပုံမှန်ထွက်နေရာမှ ရုတ်တရက် ထင်းလင်းစွါစူးကနဲထွက်လာတော့ မျက်စိမှိတ်ကာ တရားကျင့်နေသည့် အမျိုးသားရဲ့ မျက်လုံးတွေ ပွင့်လို့လာတယ်...
မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတို့က အထင်းသား ...
အနီရောင်ကျမ်းစာအုပ်ရဲ့ မူမမှန်မှုကို စိုက်ကြည့်နေရင်း ကျေနပ်အားရစွါဖြင့် -
"နတ်ဘုရားတွေ ကောင်းချီးပေးပြီ!!"ထိုသူလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်နှင့် အနီရောင်စာအုပ်က လက်ထဲကို ရောက်လာပြီး ပထမစာမျက်နှာကို လှန်သွားကာ ၊ ပေါ်လာသည့် ရုပ်ထုကျမ်းစွမ်းအင်အဆင့်သည်ကား...
ပထမစာမျက်နှာ အဆင့်-၁၂!အမှန်ပါပဲ ! ကျမ်းစာအုပ်အနီရဲ့ပိုင်ရှင် သက်လတ်ပိုင်းအမျိုးသားသည် လက်ရှိအမိန့်နိုင်ငံတော်တွင် တစ်ဦးတည်းသော မူရင်းကျမ်းစာအုပ်ပိုင်ရှင် ၊ တိတိကျကျပြောရရင် ရဲစွမ်းသတ္တိ ကျမ်းစာအုပ် ၏ ပိုင်ရှင် ပင်ဖြစ်သည်..
ရဲစွမ်းသတ္တိကျမ်းစာအုပ်(ကျမ်းနီ)ရဲ့ အရှင်သခင် က ကျမ်းစာအုပ်ကို စိုက်ကြည့်နေရင်း အံ့အားသင့်စွါဖြင့် -
"ဥာဏ်ပညာကျမ်းစာအုပ်က အရှင်သခင် ကို ရွေးချယ်လိုက်ပြီ?? ဟားဟားဟား !! မှော်နယ်မြေကို နတ်ဘုရားတွေကောင်းချီးပေးပြီ!! လူသားမျိုးနွယ်ကို နတ်ဘုရားတွေ ကောင်းချီးပေးပြီ!! ဟားဟားဟား..."ကျမ်းနီအရှင်သခင် သည် ဂုဏ်သရေ သိက္ခာအပြည့်နှင့် တည်ငြိမ်စွါနေလေ့ရှိသူဖြစ်ပေမဲ့ ၊ ဒီတစ်ခါမှာတော့ သူပြင်းပြင်းပျပျကို စိတ်ပျော်ရွှင်နေလျက် အကျယ်ကြီး ရီမောနေခဲ့သည်...
အနီရောင်ဖျက်ကနဲလက်သွားပြီး ကျမ်းနီအရှင်သခင်နှင့် ကျမ်းစာအုပ် နေရာကနေ ပျောက်လို့သွားတယ်...ဥာဏ်ပညာမြို့တော်တွင် >>
ဖာ့ဟွားရဲ့ကိုယ်ပေါ်မှာကျရောက်နေသည့် ရွှေရောင်ရောင်ခြည်တွေက ပို၍ ပို၍ သိပ်သည်းလာ၏...
ရွှေရောင်ရောင်ခြည်တွေကို ငေးမောကြည့်နေသည့် ပြည်သူတွေပါ နွေးထွေးလာသည့်အပြင် ဥာဏ်အလင်းတွေပွင့်လာသည်ကိုပါ ခံစားမိကြသည်..
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...