Chapter 55 : The Plan of the Seven God Beads ...
နတ်ဘုရားပုတီးစေ့ (၇) လုံး ဖန်တီးခဲ့ခြင်း အကြောင်း ..အကြီးအကဲ အဘိုး သက်ပြင်းတစ်ချက်ချရင်း -
"ရေခဲခေတ်တုန်းက လူသားတွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ရတာကြောင့် အသစ်အဆန်းတွေ အများကြီး ရှာဖွေတွေ့ရှိ သင်ယူတတ်မြောက်ခဲ့ကြတယ်..
မျိုးဆက်သစ်တွေ မှော်နယ်မြေ မှာဆို ကျမ်းစာအုပ်နှင့် ကျမ်းစွမ်းအင် ခံယူနိုင်မှု ၊ အပြာရောင်နယ်မြေမှာ ဒြပ်စင်ပင်လယ်ထဲက ဒြပ်စင်တွေ အသုံးပြုနိုင်ခဲ့တာတွေ အကုန်လုံးက ဘိုးဘေးတွေရဲ့ ကြိုးစားမှုတွေကြောင့်ပဲ ... ပြောစရာတစ်ခုရှိတာကတော့ ... မြင့်မြတ်နယ်မြေကလူသားတွေ - အသွင်ပြောင်းနိုင်ကြတာ ၊ မိစ္ဆာတွေရဲ့ အသိအမှတ်ပြုမှုကို သူတို့ရရှိခဲ့တာတွေက ... မျိုးနွယ်မတူသူတွေကြား ထိမ်းမြားလက်ထပ် သွေးစပ်ယှက်မှု ရှိခဲ့လို့ပဲ"
"နတ်ဆိုးသဏ္ဍာန် ၊ သားရဲသဏ္ဍာန် အဖြစ် မြင့်မြတ်နယ်မြေသားတွေ အသွင်ပြောင်းနိုင်နေတာက သူ့တို့ကိုယ်ထဲမှာစီးဆင်းနေတဲ့ မိစ္ဆာသွေးတစ်ဝက်ကြောင့်ပဲ ... ငါတို့ဘိုးဘေးတွေက လူသားမျိုးနွယ်တွေချည်း သီးသန့်ရပ်တည်နေရင် ရေရှည်မှာ မျိုးတုံးပျောက်ကွယ်သွားမှာကို စိုးတဲ့အတွက်ကြောင့် .. ရုပ်ရည်ချောမောပြေပြစ်တဲ့ လူသား ယောကျာ်းပျို ၊ မိန်းမပျို တချို့ကို သေချာရွေးထုတ်ပြီး မိစ္ဆာမျိုးနွယ် ၊သားရဲမျိုးနွယ်တွေနဲ့ သွေးသားစပ်ယှက် လက်ထပ်စေခဲ့တယ်... ဒါမှသာ အနာဂတ်မှာ လူသားမျိုးနွယ်တွေထဲ တမူထူးခြားတဲ့ အသွင်ပြောင်းနိုင်သည့် လူသားတစ်ပိုင်း၊မိစ္ဆာသားရဲတစ်ပိုင်း မျိုးနွယ်တစ်ခု ပေါ်လာနိုင်မှာ"အကြီးအကဲရဲ့ စကားတွေကြောင့် လန်ကော နဲ့ ဖာ့ဟွား ပင့်သက်ရှိုက်မိတယ် ... ရေခဲခေတ်မှာ လူသားတွေရဲ့ ဘဝကအတော်ခက်ခဲကျပ်တည်းခဲ့တာပဲ ...
လန်ကော နဲ့ ဖာ့ဟွားတို့ရဲ့အမြင်မှာ - မြင့်မြတ်နယ်မြေ က လူသားမျိုးနွယ်နယ်မြေ မဟုတ်ဖူး ၊ သူတို့ နဲ့ ငါတို့ မျိုးနွယ်မတူဖူး လို့ သတ်မှတ်ခဲ့မိကြတာ ... မြင့်မြတ်နယ်မြေကလူသားတွေက မိစ္ဆာ သားရဲ သွေးနှောတွေချည်းမို့ သူတို့ကို လူသားမျိုးနွယ်အစစ် သွေးသန့်မဟုတ်သူများ လို့ မှော်နယ်မြေ နဲ့ အပြာရောင်နယ်မြေ တို့က သတ်မှတ်ထားကြပြီး ရှောင်ဖယ်ခဲ့ကြတယ် ... ထို့အတူ မြင့်မြတ်နယ်မြေက လူသားတွေသည်လည်း သူတို့ကိုသူတို့ သွေးနှော ၊ မိစ္ဆာတစ်ဝက်တွေလို့သာ ယူဆထားကြပြီး သူတို့ရဲ့ ဘိုးဘေးတွေက မိစ္ဆာ သားရဲ တွေလို့ ယုံကြည်ထင်မှတ်နေကြတယ်..
ČTEŠ
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...