Chapter 7 : God-Given Codex Page 2 ...
((နတ်ဘုရားချီးမြင့်သည့်ကျမ်း - ဒုတိယစာမျက်နှာ...))"အမိန့်နိုင်ငံသားလေး ...မင်းတစ်ယောက် တည်းလာခဲ့တာလား?"
ထူးဆန်းသည့်တွင်းကို စိတ်ဝင်တစားဖာ့ဟွား စစ်ဆေးကြည့်ရှူနေစဉ် အနောက်ဖက်ကနေ အလိုမကျ အေးစက်သည့် အသံတစ်သံ ရုတ်တရက်ထွက်လာတယ် ...
ဖာ့ဟွားလှည့်ကြည့်လိုက်တော့ .. သူနဲ့ မီတာ ၅၀ အကွာရှိ ကျောက်တုံးကြီးတစ်တုံးပေါ် တွင်တင်ပလ္လင်ခွေထိုင်ကာ သူ့ကိုစိုက်ကြည့်နေသော အပြာရောင်ဝတ်စုံဝတ် ၊ အပြာရောင်နယ်မြေသား ...အကြည့်ချင်းဆုံမိကြတော့ ဖာ့ဟွား မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်တယ် ... ဒီတစ်ယောက်နဲ့ တိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်တော့ဖူး...
လန်ကော စွမ်းအင်တွေ ပြန်စုစည်းပြီးချိန် သူ့ပတ်ဝန်းကျင်လေထုထဲတစ်စုံတစ်ယောက် ဝင်လာသည်ကို ခံစားလိုက်မိလို့ ထကြည့်လိုက်ချိန် ... အမိန့်နိုင်ငံသား ကို မြင်လိုက်ရတာကြောင့် အလွန် မကျေမနပ်ဖြစ်သွားတယ် ! ဒီတစ်ယောက်ကို သူ အသေချချင်နေပေမဲ့ အသားလွတ်ဝင်ချတယ် မဖြစ်ရလေအောင် တစ်ဖက်ကို ဆွပေးရမည်...
ဖာ့ဟွား အသင့်အနေအထားရပ်ကာ ကျမ်းကို ဆင့်ခေါ်လိုက်ပြီး ပထမစာမျက်နှာကို ဖွင့်လိုက်တယ် ... ဖာ့ဟွားက နေရာတင် မတ်တပ်ရပ်ပြီးနေတာဖြစ်ပေမဲ့ ဖာ့ဟွားလွှတ်ထုတ်လိုက်သော စွမ်းအင်တွေက လန်ကော အပေါ် တောင်ကြီးတစ်လုံးပိချလာသလို ခံစားရစေ၏...
ဒီ အမိန့်နိုင်ငံသားက ... နဲနဲတော့ ကွဲပြားခြားနားတာပဲ ဟု လန်ကော တွေးမိလာပြီး ကိုယ့်ကိုကိုယ် သတိအနေအထား အသင့်ဖြစ်စေလိုက်တယ်...
လန်ကော က လွတ်လပ်ပေါ့ပါးတဲ့အကျင့်စရိုက်ရှိပေမဲ့ ဘယ်သောအခါမှ သူ့ရဲ့ပြိုင်ဖက်အပေါ် လျော့မတွက် ...
အထူးသဖြင့် သူ့ရဲ့ပြိုင်ဖက်လူငယ်က - တုနှိုင်းမဲ့ပုလဲ အတွက် အမိန့်နိုင်ငံတော်က ကိုယ်စားပြုအနေနဲ့ ရွေးချယ်စေလွှတ်ခဲ့သောသူ ဖြစ်နေသည်မို့..."ဖြောက်"
လန်ကော ညာဖက်လက်နဲ့လက်ဖျောက်တစ်ချက်တီးလိုက်ချိန် သူ့အရှေ့လေထုထဲမှာ အပြာရောင် စွမ်းအင်လုံးတစ်လုံး ဖွဲ့စည်းပေါ်ပေါက်လာပြီး ထိုအပြာရောင်စွမ်းအင်လုံးဟာ ဖာ့ဟွားရှိရာဆီ တန်းခနဲ ပြေးဝင်သွားတယ် ...
လက်သီးဆုပ်သာသာ ရှိခဲ့သော အပြာရောင်အလုံးလေးက ဖာ့ဟွားရှေ့ရောက်ချိန်မှာ - ကျယ်ပြန့်သွားပြီး မီတာများစွါကျယ်ပြန့်တဲ့ 'လေ ဓါးသွား' အဖြစ် ရုတ်ချည်းပြောင်းလဲသွားတယ် ..
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...