Chapter 142+143

319 27 1
                                    

Unicode

Chapter 142 : Control of the Field...
လေ့ကျင့်ရေးကွင်းကို ထိန်းချုပ်သွားတယ်...

ရှန်လိတ်တပ်ဖွဲ့ နှစ်ဖွဲ့ခွဲပြီး ဘေးနှစ်ဖက်ကနေ ချီတက်လာပေမဲ့ ထျန်းလိတ်တပ်ဖွဲ့ က မစိုးရိမ်ခဲ့ဖူး .. သူတို့ ဖန်တီးထားသည့် မိုးကြိုး မိုး က အဆင်သင့်ဖြစ်နေပြီလေ ... ဒါပေမဲ့ ပစ်ချလိုက်သည့် မိုးကြိုးမိုး တွေက ရှန်လိတ်တပ်သားတွေပေါ်မကျပဲ ဆန့်ကျင်ဖက်ရှိ ကိန်းလိတ်တပ်သားတွေနှင့် လိတ်မင်းယန် တို့ ဆီကို ကျသွားခဲ့မယ်လို့ ဘယ်သူသိနိုင်မလဲ??
ထိုအချိန်တွင်းမှာပဲ သူတို့အပေါ်ကို လှံမိုးတွေ ကျလာတော့ ကပ္ပတိန်မုန်ချန်ခွန်း ရှောခ့်ရနေချိန်မရှိ ၊ လက်ထဲက လက်နက်ရှည် .. အတိအကျ ပြောရလျှင် .. တောင်ဝှေးရှည် ကို မိုးပေါ်မြောက်ကာ ကောင်းကင်မှာ အလွှာပါးတစ်ခုကို ဖန်တီးလိုက်တယ် !!
ကပ္ပတိန်နည်းတူ ထျန်းလိတ်တပ်သားတွေသည်လည်း တောင်ဝှေးကိုယ်စီမြောက်ကာ အကာအကွယ်အတွက် အားဖြည့်ထဲ့ပေးတယ်...
ဒါပေမဲ့ ရှန်လိတ်တပ်သားတွေရဲ့ လှံတိုတွေက လျှပ်စီးအလျင်နဲ့ ပစ်လွှတ်လိုက်တာမို့ အတော်များများတော့ ထိမှန်သွားကာ လဲကျသွားခဲ့သည် ..

ကပ္ပတိန်မုန်ချန်ခွန်း ရဲ့ တောင်ဝှေးကနေ မြွေသဏ္ဍာန် ငွေရောင်လျှပ်စီးတွေထပ်ထွက်လာပြီး လှံတိုတွေရန်ကနေ သူ့တပ်သားတွေကို တတ်နိုင်သမျှကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ... မုန်ချန်ခွန်း ထိန်းချုပ်ခံခဲ့ရသည် ...
မုန်ချန်ခွန်း ရုတ်တရက် သူ့ခန္ဓာကိုယ် က လုပ်ရှားမရ ဖြစ်သွားတာကိုသတိထားမိတယ် !
ပိုထိတ်လန့်စရာကောင်းသည်က ရှန်လိတ်တပ်သားတွေက နောက်တစ်ခေါက် လှံတိုတွေထပ်ထုတ်ကာ ပစ်လိုက်ခြင်း !!
သူတို့ပစ်လွှတ်လိုက်သည့် လှံတိုတွေ အားလုံးရဲ့ ဦးတည်ချက်သည် လူတစ်ယောက်ဆီသို့သာ !!
ဘယ်လိုလုပ် လှံတွေအားလုံးရဲ့ ပစ်မှတ်က ဒီလောက်ထိ တိကျနိုင်နေရတာလဲ?!!!
ကပ္ပတိန် လိန်းလန် ရဲ့ လှံတိုဦးတည်ချက်အတိုင်း တပ်သား(၁၀၀) တို့၏ လှံတို (၁၀၀) သည် ဦးတည်ရာတစ်ခုတည်း!

ဖာ့ဟွားလက်ထဲရှိကျမ်းစာအုပ်က စာမျက်နှာ (၇) ၊ နောက်ကျောကပ်ရပ်ကို လှန်ထားတာဖြစ်ပြီး ၊ ထိုကျောကပ်စာမျက်နှာသည်ကား ...
အစီအစဉ်တကျဖြစ်အောင် စီစဉ်နိုင်ခြင်း နှင့် ပေါင်းစပ်ခြင်း !

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Место, где живут истории. Откройте их для себя