Chapter 5+6

807 97 9
                                    

Chapter 5 : The Encounter of Destiny ...
((ကံကြမ္မာနှင့်တွေ့ဆုံမှု...))

ရွက်လှေကြီး 'ကျီ့ရှန်' ရဲ့ထိပ်ဦးမှာရပ်ကာ အဆုံးအစမရှိသော ပင်လယ်ပြင်ကျယ်ကြီးကို ဖာ့ဟွား ငေးကြည့်နေမိတယ် ... ဥာဏ်ပညာမြို့တော်ရဲ့ ဆိပ်ကမ်းကနေ ပင်လယ်ထဲကို ရွက်လွှင့် လာခဲ့တာ ရက်ပေါင်း ၂၀ ရှိခဲ့ပြီ ... 'ကျီ့ရှန်' ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က အမိန့်နိုင်ငံတော်ရဲ့ အတော်ဆုံး ၊ အကျွမ်းကျင်ဆုံး လက်သမားဆရာတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး လူမျိုးနွယ်တွေရဲ့ သမိုင်းမှာ အခိုင်ခံ့ဆုံးလို့ နာမည်ကြီးသည့် ရွက်လှေတစ်စင်းဖြစ်သည်... သူက အလေးချိန် တန် ပေါင်းများစွာကို သယ်ဆောင်နိုင်တာမို့ ပင်လယ်ထဲမှာ လပေါင်းများစွါ စားနပ်ရိက္ခာအတွက် ပူပန်စရာမလိုပဲ ရွက်လွှင့်နိုင်သည်...

ရေကြောင်းလမ်းမြေပုံအရ ၊ မွေးစားအဖေ ဖာ့ယွင် တွက်ချက်ပေးလိုက်တဲ့ အတိုင်းဆို ကျွန်းကိုရောက်ဖို့ သူတို့ သိပ်မလိုတော့ဖူး ...

ပုလဲပေါ်လာတယ်ဆိုတဲ့ကျွန်းငယ်လေးဟာ မှော်နယ်မြေ ရဲ့ အရှေ့တောင်ဖက် ၊ အပြာရောင်နယ်မြေရဲ့ အနောက်မြောက် အရပ်မှာ တည်ရှိတယ် .. နယ်မြေ ၆ခုအနက် ကျွန်းလေးဟာ မှော်နယ်မြေ နှင့် အပြာရောင်နယ်မြေ တို့နဲ့ အနီးစပ်ဆုံး ...

ခရီးစဉ် မစခင်ကတည်း ဖာ့ယွင် သေချာမှာခဲ့သည်က - တုနှိုင်းမဲ့ပုလဲ ဟာ မှော်နယ်မြေ နဲ့ အပြာရောင်နယ်မြေ ခေါင်းဆောင် ၂ယောက် ပူးပေါင်းဖန်တီးခဲ့တာမို့ ဒီပုလဲကို တရားဝင်ပိုင်ဆိုင်ခွင့်ရှိသူတွေက ထိုနယ်မြေနှစ်ခုက သူတွေဖြစ်တယ် ၊ ဒါ့အပြင် မြင့်မြတ်သောနယ်မြေ ဟာလည်း လူသားမျိုးနွယ်တွေနေထိုင်တာမို့ သူတို့ကလည်း ပိုင်ဆိုင်ခွင့်တောင်းဆိုတာတွေ ရှိနိုင်တယ် ... တုနှိုင်းမဲ့ပုလဲ ရှာပုံတော်ခရီး မှာ ပြိုင်ဖက်တွေ ရှိလာနိုင်သည့်အနေအထားမို့ ဖာ့ဟွားကို ကြိုတင်ပြင်ဆင်ထားဖို့ ဖာ့ယွင် သေချာမှာလိုက်၏...

ဖာ့ဟွား အတွေးရေယာဉ်ထဲဝင်နေစဉ် ရေလမ်းကြောင်းစောင့်ကြည်သူ ထံမှ -
"အရှေ့ ဘယ်ဖက် ၃၀ဒီဂရီ စွန်းစွန်းမှာ ကုန်းမြေတစ်ခုကို လှမ်းမြင်ရတယ်!! ထပ်ပြောပါမယ်! အရှေ့ ဘယ်ဖက် ၃၀ဒီဂရီ စွန်းစွန်းမှာ ကုန်းမြေတစ်ခုကို လှမ်းမြင်ရတယ်!!!"

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Donde viven las historias. Descúbrelo ahora