Chapter 65 : Horror Green Abyss...
စိမ်းလန်းသောနယ်မြေရဲ့ ကပ်ဆိုး..."လွိ့ယွင်းက သဘာဝနဲ့တစ်သားတည်းဖြစ်နေတယ်.. သေချာဂရုစိုက်"
လန်ကော စိတ်ချင်းဆက်သွယ်ပြီး ဖာ့ဟွား ကို သတိပေးတယ်...
လေး ကိုင်ထားသည့် လွိ့ယွင်း ဘယ်ဖက်လက်က မြောက်တတ်သွားပြီး လေးကြိုးမှာ အစိမ်းရောင်အလင်းတန်းတစ်ခုပေါ်လာကာ ...
ဝှစ်ခနဲဆိုသလို ထိုအစိမ်းရောင်အလင်းတန်းက ဖာ့ဟွားနှင့်လန်ကော မျက်စိရှေ့မှောက်ရောက်လာ၏!လွိ့ယွင်း လေးကိုင်လက်ကိူ မြောက်လိုက်ကတည်းက လန်ကောရှေ့မှာ ဖာ့ဟွား ကွယ်ရပ်ပြီး ဖြစ်ကာ ၊ ကျမ်းစာအုပ်သည်လည်း ပထမစာမျက်နှာကို လှန်နေပြီး ဖြစ်သည်...
//အုံး//
မြားတစ်စင်းသဏ္ဍာန် အစိမ်းရောင်အလင်းတန်းနှင့် ဖာ့ဟွားရဲ့ အကာအကွယ်စည်းတို့ ထိခတ်မိချိန် ကျယ်လောင် သော ပေါက်ကွဲသံကြီး !!
အစိမ်းရောင်အလင်းတန်းက ပျောက်ကွယ်သွားခြင်းမဟုတ်ပဲ အလင်းတန်းသေးသေး ၊ မြားသေးသေးလေးတွေ အသွင်အဖြစ် ကွဲထွက်သွားကာ ဖာ့ဟွားကို ကွေ့ပတ်ကျော်ပြီး အနောက်မှာရှိနေသည့် လန်ကော ထံ ထပ်မံတိုက်ခိုက်တယ် !ဖာ့ဟွားနှင့်လန်ကော ... အံ့အားမသင့်ပဲကို မနေနိုင်!
ဒါက ဘယ်လို လေးအတတ်မျိုး လဲ???
အတော့်ကိုထူးခြားဆန်းကြယ်တယ်!!ဒြပ်စင်ထိန်းချုပ်နိုင်သူဖြစ်သည့် လန်ကော အနေနဲ့ အနီးအနားရှိ ရေတွေကို ဆင့်ခေါ်ကာ ရေတံတိုင်းပြုလုပ်လိုက်ပြီး ပြေးဝင်လာသည့် မြားအစိမ်းလေးတွေကို တားဆီးနိုင်ခဲ့သည်...
လွိ့ယွင်းက ဖာ့ဟွား ၊ လန်ကော တို့နှင့် မြားတစ်ပစ်စာ အကွာအဝေးမှာရှိနေတာဖြစ်ပေမဲ့ ဖာ့ဟွား သူ့ရဲ့မြားကို တားဆီးလိုက်နိုင်ပုံကို မြင်လိုက်ရသည်က အတော်လေး အံ့အားသင့်ဖွယ်ပဲ ...
သူပစ်လွှတ်ခဲ့တဲ့ မြားရဲ့ အရှိန်အဟုန် နဲ့ ထဲ့လိုက်တဲ့ စွမ်းအားက သာမာန်မှမဟုတ်ပဲလေ !
အံ့အားသင့်မိပေမဲ့ လွိ့ယွင်းရဲ့ ရှေ့ဆက်ချီတက်လာမှုက နဲနဲလေးမှတောင် အရှိန်မလျော့သွားခဲ့ ...
အရှိန်နဲ့ ကွေ့ပတ်ပြေးနေရင်ပင် လေးကို ထပ်မြောက်ကာ ထပ်ပစ်လွှတ်လိုက်၏ ... အစိမ်းရောင် အလင်းတန်း ၃ ခု ...
VOUS LISEZ
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...