Chapter 39+40

390 51 3
                                    

Chapter 39 : The Commander..
((စစ်သေနာပတိ နှင့် တွေ့ဆုံခြင်း...))

ဖာ့ဟွား နှင့် လန်ကော သူတို့ လက်တွေထဲမှာ ကျန်ရစ်ခဲ့သည့် မြွေခေါင်းလေးနှစ်ခုကို မြောက်ကြည့်လိုက် ၊ ခြေရင်းမှာ အပုံလိုက်လေး ဖြစ်နေသည့် ကျဲယင်လျင်းသေတ္တာ အကျိုးအကြေတွေကို ငုံ့ကြည့်လိုက် နှင့် ...

🔮တုနှိုင်းမဲ့အမြွှာဝိဥာဏ် ၊ တူညီသောဘဝတစ်ခု🔮

လန်ကော မန္တာန်ကို ခပ်လောလော ရွတ်ဆိုကြည့်လိုက်ပြန်တော့..
နဖူးတွင် ပူခနဲ ရွှေရောင်သေင်္ကတ ပေါ်လာတာကို အရင်အတိုင်း မပြောင်းမလဲ ခံစားလိုက်ရသည် ..

"ချီးတဲ့မှပဲ!!! ဒါကြီးက ပြောတော့ဖြင့် မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့တဲ့ ကျဲလင်းယင် ၊ ကျိန်စာဖျက်ပစ္စည်း ဆို!!?? ဘယ်မှာလည်း ကျိန်စာကို ဖျက်လိုက်တာ!! လုံးဝ အမှိုက်သရိုက်ပဲ!!"
လန်ကော လက်ထဲက မြွေခေါင်းကို ကြည့်ကာ ဆူပူအော်ဟစ်ပြီး အားကုန်သုံးကာ ပင်လယ်ထဲ လွှင့်ပစ်လိုက်တယ် ..

ဖာ့ဟွား သူ့လက်ထဲက မြွေခေါင်းကိုငုံ့ကြည့်ရင်း အလိုမကျစွါ မျက်မှောင်ကြုတ်လာပြီး ...
ဒီ ကျဲလင်ယင်း ကို ရဖို့ ငါတို့ဘယ်လောက်တောင် ကြိုးပမ်းခဲ့ရလဲ? သည်းငြီးခံခဲ့ရတာတွေ ၊ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ အစွမ်းကုန်ထုတ်သူံး ချန်ပီယံဲဖြစ်အောင်ကြိုးစားခဲ့ရတာတွေ !!
အခုတော့ ကြည့်ကြအုံး ! ခက်ခက်ခဲခဲ ရယူထားရတဲ့ ကျိန်စာဖျက်ပစ္စည်းက အသက်သွင်းလိုက်တာနဲ့ ပုလဲရဲ့ စွမ်းအင် ကို မခံနိုင်ပဲ တစစီ ကျိုးကြေသွားရတယ်လို့ !!
အစောပိုင်းက ရင်ထဲမယ် စိတ်မကောင်းဖြစ်မိ ၊ တုံ့ဆိုင်းမိ .. အိုကွာ! သူငယ်ချင်း ဆက်ဖြစ်ကြဖို့ထိတောင် နက်နက်နဲနဲ ခံစားခဲ့ရသမျှတွေ အကုန် အငွေ့ပျံပျောက်ပဲ !!

လန်ကော မကျေမနပ်ဖြင့် ဖာ့ဟွား ကို စူးစူးရဲရဲ ရန်လိုစွါ ကြည့်ပြီး -
"အခုဘာဆက်လုပ်ရတော့မှာလဲ?? နည်းလမ်းတစ်ခု အမြန်ရှာလေ!"

ဖာ့ဟွား သူ့လက်ထဲက မြွေခေါင်းကို ပစ်ထုတ်လိုက်ပြီး -
"စောက်ရူး"

ဘာမဆိုင် ညာမဆိုင် အဆူခံလိုက်ရပြန်သည့် လန်ကော ... ဒေါသကြောင့် မျက်လုံးပြူး မျက်ဆံပြူးဖြင့် -
"ဘာလို့ ငါ့ကို လာဆဲနေရတာလဲ!!??"

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Donde viven las historias. Descúbrelo ahora