(Unicode)
Chapter 138 : It's all routines...
ဒါတွေက ပုံမှန်လုပ်ရိုးလုပ်စဉ်တွေပဲ...လန်ရှင်း စကားမဆုံးခင် လန်ကော အမြန် ကြားဖြတ်လိုက်ပြီး -
"ကျွန်တော်ဘယ်တုန်းက မိုးကြိုးမြို့အရှင် လုပ်ပါ့မယ်လို့ ပြောခဲ့လို့တုန်း!? ပါး ! ပါးက အခု သက်ရှိထင်ရှားရှိနေရုံမက ကြယ်နတ်ဘုရားအဆင့်တောင်ရောက်ထားပြီလေ!
နောက်ထပ် သက်တမ်း ၈၀ ၊ ၁၀၀ လောက်ထိ ပါး အေးဆေးပဲ! ပါး ငယ်ငယ်တုန်းက အဖိုး သင်ပေးခဲ့တယ်လေ - ကိုယ်လုပ်နိုင်တဲ့ ကိုယ့်အလုပ်တွေကို ကိုယ့်ဟာကိုယ် ပဲ လုပ်ဖို့... စဉ်းတောင်မစဉ်းစားနဲ့! ကျွန်တော်က ဥာဏ်ပညာမြို့တော်မှာ ဖာ့ဟွားနဲ့သွားနေပြီး လေ့ကျင့်မှာ!!"လန်ရှင်း အားပါးတရရီပြီး -
"မင်းကိုယ်တိုင်လည်း မငယ်တော့ဖူးလေ! မြို့အရှင်ရာထူးကို မင်းကိုတန်းယူခိုင်းနေတာမျိုးမဟုတ်ဖူးကွ .. တစ်ခုခုဖြစ်လာခဲ့ရင် အဆင်သင့် တာဝန်တက်ယူနိုင်အောင် လေ့ကျင့်ပေးထားမလို့ ... သိုင်းပြိုင်ပွဲမှာ မင်း ချန်ပီယံဖြစ်လာစေဖို့အတွက် ပါး လူတွေအများကြီးကို မမှန်မကန်နိုင်စားခဲ့မိတယ် .. လိတ်မင်းယန် ဆို ပါးကို ဒေါသတွေထွက်ပြီး သူ့ဆီ လာကိုမလာခဲ့နဲ့ လို့ ပြောလွတ်တာ! ပါး အတွက် လွယ်ကူနေတယ်များ မှတ်နေလား? ပထမဆုံး မိုးကြိုးစစ်တပ်ထဲသွားပြီး တပ်ရင်း(၅)မှာ လက်ထောက်ရာထူးနဲ့ လိတ်မင်းယန် ဆီကနေ သွားသင်ကြားချေ ... ဒါဆို မင်းရဲ့ လေ့ကျင့်ရေးကိုလည်း မထိခိုက်တော့ဖူးပေါ့... ဘယ်လိုလဲ??"လန်ကောက တုံ့ဆိုင်းခြင်းပင်မရှိ -
"မရဖူး!!""သား... မင်းသာ တပ်ထဲသွား၊ပညာသင်မယ်ဆိုရင် ... မင်း .. ဖာ့ဟွားကိုကြိုက်နေတယ်ဆိုရင်တောင် ပါး မတားမြစ်တော့ဖူး ... အဲ့လိုဆို အိုခေလား??"
လန်ကော မစဉ်းစားမိပဲ -
"ဘယ်သူက သူ့ကိုကြိုက်နေလို့လဲ!!? ချီး!! ပါး !! ပါးက တကယ်ကို အမြင်ပွင့်လင်းတာပဲ!!"ထိုတုံ့ပြန်မှုကြောင့် လန်ရှင်းနှင့်ရှင်းယွမ်တို့ရဲ့ မျက်လုံးတွေလက်ခနဲတောက်သွားကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးသွားကြသည်'''
ဒါတွေကိူ သတိထားမိသွားတဲ့ လန်ကော က -
"ဟား !! ပါး !! မား !! တကယ်ပါပဲ..."
ŞİMDİ OKUDUĞUN
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantastikTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...