Chapter 17 : Holy City ...
((မြင့်မြတ်သောမြို့တော်...))
((သူတော်စင်မြို့တော်...))မှော်နယ်မြေ ၏ အရှေ့မြောက် ၊ မြင့်မြတ်နယ်မြေ ၏ အနောက်တောင် ၊ မိစ္ဆာနယ်မြေ ၏ အရှေ့တောင် ဖက်တွင် ပင်လယ်ကြီးတစ်ခုရှိ၏... ထိုပင်လယ်ကြီးကို နယ်မြေ(၃)ခုနယ်နိမိတ်ပင်လယ် ဟု ခေါ်ဆိုကြသည်...
လက်တွေ့မှာတော့ ထိုပင်လယ်ဟာ အဆုံးမဲ့ပင်လယ်ပြာကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေမဲ့ သူ့ပတ်ပတ်လည်တွင် နယ်မြေ(၃)ခုက ဝန်းရံထားပြီး ကုန်းတွင်းပင်လယ်လို ပုံစံပေါက်နေသည်မို့ ပင်လယ်တစ်စင်းအဖြစ် နာမည်ခွဲထွက်လာခဲ့ခြင်းဖြစ်၏...နယ်မြေ(၃)ခုနယ်နိမိတ်ပင်လယ် ဟာ အဆုံးမဲ့ပင်လယ်ပြာကြီးလောက် လှိုင်းမထန်သလို သူ့ရဲ့ရေပြင်ဟာလည်း ထိစပ်နေသော ကုန်းမြေတွေကြောင့် အရောင်တွေစုံလို့နေသည်... သူ့ကို အရောင်အစုံဆုံး ပင်လယ်ဟုလည်း သမုတ်ကြသေးသည်...
ထိုပင်လယ်၏ အလယ်တဲ့တဲ့တွင် ကျွန်းကြီး တစ်ခုတည်ရှိပြီး ထိုကျွန်းကို မြင့်မြတ်သောကျွန်းဟု ခေါ်ဆိုသည်...
ထိုကျွန်းသည် နယ်မြေ (၃)ခုအလယ်တဲ့တဲ့တွင်တည်ရှိနေသောလည်း မြင့်မြတ်သောကျွန်း ဟု အမည်တွင်ခံထားရသည်က အနည်းငယ်ထူးဆန်းတယ်ဟုထင်ကောင်းထင်နေလိမ့်မည်...မြင့်မြတ်သည့်နယ်မြေရှိ လူသားတို့သည် မိစ္ဆာနှင့် နတ်သူငယ်/သားရဲ တို့ပေါင်းစပ်ရာမှ ဖြစ်တည်လာကြသည်ဟု ယုံတမ်းရှိခဲ့သည့်အလျောက် မြင့်မြတ်သည့်နယ်မြေကို အင်အားကြီးမားသော မိစ္ဆာနယ်မြေက နောက်ကွယ်ကနေ အထောက်အပံ့ပြုထားပေး၏ ... မိစ္ဆာတွေအနေနဲ့ ကျွန်းလေးတစ်ကျွန်းကို မျက်စိထဲတောင် မထဲ့ ၊ မလိုချင် သလို မှော်နယ်မြေသည်လည်း လူသားနယ်မြေတစ်ခုဖြစ်ပေမဲ့ မိစ္ဆာတို့ရဲ့ ကျောထောက်နောက်ခံရထားသော မြင့်မြတ်နယ်မြေကို မယှဉ်နိုင် ...
ဒါကြောင့်ပဲ နယ်မြေ(၃)ခု ရဲ့ အလယ်တဲ့တဲ့မှာ ရှိသော ကျွန်းလေးကို မြင့်မြတ်နယ်မြေ က အပိုင်စားရသွားပြီး မြင့်မြတ်သောကျွန်း ဟု ခေါ်တွင်စေခဲ့ခြင်းဖြစ်သည်...မြင့်မြတ်သောကျွန်း တွင် ရှားပါးတွင်းထွက်ပစ္စည်းတွေ မထွက်ပေမဲ့လို့ ပတ်ဝန်းကျင်ရှူခင်း က သိပ်ကိုလှပ၏..
ထို့ကြောင့်လည်း ထိုကျွန်းကို မိစ္ဆာနယ်မြေ မှ တော်ဝင်မျိုးနွယ် ၊ ဂုဏ်သရေရှိကြေးရတက် တချို့အပန်းဖြေခရီးအဖြစ် လာတတ်ကြတယ်...
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...