Chapter 108+109

292 31 2
                                    

Chapter 108 : The Goodwill of the Golden Sheep...
တာ့ကျင်းရန် ရဲ့ စိတ်ထားလေးတစ်ခု...

မီးရေခဲပုလဲ က ရာသက်ပန် အစွမ်းရှိနေတာမျိုးတော့ မဟုတ်ဖူး.. သူ့မှာလည်း သုံးစွဲမှုပမာဏ ကန့်သတ်ချက်နှင့် ထားသိုမှုနည်းလမ်းမှန်ကန်မှုတို့အပေါ်မူတည်ပြီး သက်တမ်းရှိတဃ်...
မီးရေခဲပုလဲ မှာ အမျိုးအစားအဆင့်ဆင့်လည်းရှိသေး၏...ဥပမာ− ငါးနီကိုမှကျောပေါ်မှာရွှေရောင်ပါသောငါးကနေရတဲ့မီးရေခဲပုလဲက ပိုသုံးစွဲခံပြီး အနဲဆုံး ၃နှစ်လောက်ထိကိုခံတဃ်...အဖိုးတန်လည်းဖြစ်သလို သူ့ကို သိမ်းဆည်းတဲ့အခါမှာလည်း ကျောက်စိမ်းသေတ္တာနဲ့ ထဲ့သိမ်းထားရတဃ်...ထိုသို့သိမ်းဆည်းမှသာအချိန်ပိုကြာ တာရှည်ခံမည်...

တာ့ကျင်းရန် က သူမ လက်ထဲရှိ ထက်မြလှသောဓါးကို ကျွမ်းကျင်စွာအသုံးချပြီး ငါးနီကြီး၏အသားအများဆုံးနေရာဖြစ်သည့် ဝမ်းဗိုက်သားကို ကျွမ်းကျင်စွာ လှီးထုတ်ပြီး ဖာ့ဟွားကို လှမ်းပေးတဃ်..

"ရော့... မင်းအတွက်"

ဖာ့ဟွား ဃဥ်ကျေးမနေတော့ပဲ တာ့ကျင်းရန်ကျွေးသည့် ငါးနီ ဗိုက်သားကင် ကို ဃူစားလိုက်တဃ်..
ငါးနီအသားက နူးညံ့အိစက်နေပြီး တစ်ချက်ဝါးလိုက်သည်နှင့် ခံတွင်းထဲမှာ ချိုမြိန်သော ၊ ပြည့်စုံသော အနှစ်အရသာတို့ကို ချက်ချင်းခံစားမိသည့်အပြင် ညှီနံ့တစ်ချက်မှမရှိ မွှေးပျံ့လို့နေသေးသည်...
ဒါ့အပြင် မီးကျွမ်းနေသော အရေခွံတို့ကို ဝါးမိချိန် တကျွတ်ကျွတ် အသံတို့ပင်ထွက်လျက် အလွန်တရာ သရေမြိန်စေသည်...
မီးကင်သည့်အချိန် ဟင်းခတ်အမွှေးအကြိုင် ၊ အရသာ များထဲ့ထားခြင်းလည်းမရှိပဲ ဒီအတိုင်းမီးဖိုပေါ်တင် ၊ ကင်ပြီး စားနေတာကို အရသာရှိနေခြင်းပါပဲ !!

ဖာ့ဟွားတစ်သက်နဲ့တစ်ကိုဃ်စားဖူးခဲ့သမျှထဲ ငါးနီကင် က အရသာအရှိဆုံး ဖြစ်သွားပြီ... ငါးညှီနံ့မရှိသလို မီးသင်းနံ့သင်းသင်းလေးနှင့် နူးညံ့ချိုမြိန်နေသော ငါးကင်...
ငါးကင် ဗိုက်ထဲကိုရောက်သွားသည့်အချိန်မှာလည်း ခန္ဓာကိုဃ်တစ်ခုလုံးနွေးထွေးလာပြီး တပြိုင်နက်တည်းမှာပင် ခန္ဓာကိုဃ်ထဲ ရေဓါတ်ပြည့်၀သွားသည်ကိုပင် ခံစားမိသည် !!!

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now