(Unicode)
Chapter 136 : Honey, let's go..
(အချစ်လေး ... သွားကြစို့...) 🤭🤭အကြီးအကဲအဖိုး က ပြုံးတုံ့တုံ့လုပ်နေပြီး -
"မင်းတို့ မိသားစုလေး ပြန်ဆုံကြပြီဆိုတော့ အချိန်ကောင်းလေးကို ဒီအဖိုးကြီး ဝင်မရှုပ်တော့ဖူး ... ရှောင်ကော ... မင်းအနေနဲ့ မင်းမိဘတွေအပေါ်ကို စိတ်မဆိုးသင့်ဖူး . မင်းရင့်ကျက်သန်မာလာဖို့ သူတို့စဉ်းစားပေးပြီး လုပ်ပေးခဲ့ကြတာ ...
စိမ်းလန်းသောအသက်ပင်လယ် ကိုသွားပြီး အသက်ကျောက် (၂)လုံး ရှာဖို့တာဝန်ပေးခဲ့တာကို မှတ်မိသေးလား??
အဲ့ဒီ ကျောက်နှစ်တုံး က သူတို့ အသက်ပြန်ရှင်လာဖို့ အရေးကြီးဆုံးအရာနှစ်ခုပဲ .. ဆိုတော့ .. သူတို့အသက်ကို မင်းကယ်ပေးခဲ့တာလို့လဲ ပြောလို့ရတယ်ကွဲ့"လန်ကော စက်ရုပ်တစ်ရုပ်လို ခေါင်းကိုတောင့်တောင့်ကြီး လှည့်ပြီး ပြုံးရွှင်နေသော အကြီးအကဲအဖိုးကို ကြည့်ကာ -
"အကယ်၍များ ... ကျွန်တော်သာ အသက်ကျောက်နှစ်တုံးကို အရမယူနိုင်ခဲ့ရင် .... ???"အကြီးအကဲအဖိုးက ပုခုံးအသာတွန့်ပြကာ -
"ဒါဆိုလည်း သူတို့ကိုယ်ထည်ပြန်ရဖို့ အချိန်အကြာကြီးပေးရတာမျိုးပဲ ဖြစ်မှာ ... မင်းအဖေက မိုးကြိုးမြို့တော်ရဲ့အရှင် ၊ အပြာရောင်နယ်မြေရဲ့ ဘုရင်တစ်ပါး ပါကွ ... ဘုရင်တစ်ပါးက လွယ်လွယ် သတ်လို့ မသေနိုင်ဖူး""အင်း... ကျွန်တော်နားလည်ပြီ..."
လန်ကော နားလညါတယ်ပြောလိုက်ပေမဲ့ သူ နဲနဲတော့ စိတ်ကောက်နေမိသည်..မိုးကြိုးမြို့တော်သူ/မြို့တော်သားတွေရဲ့ ဩဘာပေးမှုက တခဲနက် ထွက်နေဆဲ ၊ လန်ရှင်း က သူ့လူတွေကို လက်ပြနှုတ်ဆက်ရင်း လန်ကော အနားလျှောက်လာကာ ၊ ပုခုံးကို ပုတ်ပြီး -
"သား ... မင်းတကယ် သန်မာလာတယ်! မင်း ရင့်ကျက်သန်မာလာတာကို မြင်ရတာ ပါး အတွက် အဖိုးမဖြတ်နိုင်အောင်ပါပဲ ... အကြီးအကဲကို အခြေအနေတွေပဲပြောပြခိုင်းမိပြီး ၊ ပါးနဲ့မားရဲ့သေဆုံးမှုအပေါ် မင်းကို အတင်းရင့်ကျက်ခိုင်းသလို ဖြစ်စေခဲ့တဲ့အတွက် ပါး နဲ့ မား က တောင်းပန်ပါတယ်..."လန်ကော သူ့မိဘနှစ်ပါး နှင့် အကြီးအကဲကို တလှည့်စီကြည့်ပြီး -
"ပါး နဲ့ မား သက်ရှိထင်ရှားရှိနေတယ်ဆိုရင်ပဲ ကျွန်တော်က ကျေနပ်နေပါပြီ ... ပြီးခဲ့တာတွေပြီးပါစေတော့ ... ပါးတို့က ကျွန်တော့်အတွက် စဉ်းစားပေးပြီး လုပ်ခဲ့တာပဲလေ..."
KAMU SEDANG MEMBACA
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasiTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...