Chapter 45 : The Statue of Liberty...
လေဘာတီရုပ်ထု a.k.a လွတ်လပ်ရေးမိခင် ...လန်ကော က ကတိစကားတည်သူတစ်ယောက်မို့ သူ့မယ်တော်ကို ပေးထားသည့်ကတိအတိုင်း ပွဲသွားတက်မည်!!
ရိုးရိုးသားသားပြောရကြေးဆိုရင်တော့... ကတိကြောင့်ဆိုတာထပ် ကြင်ယာရွေးပွဲကို သူသာ သွားမတက်ခဲ့ရင် ရှင်းယွမ်က သူ့ကို မရရအောင်ရှာပြီး ပွဲကို ဂုတ်ကနေဆွဲပြီးတက်ခိုင်းမှာ အသေအချာပဲမို့...
အဆင့်-၇ ... ဘာလို့ အဆင့်-၇ ရောက်ဖို့ ခက်ခဲနေရတာလဲ!? လန်ကော ထိုင်ရာမှထကာ မရှိသည့်ဖုန်သဲ တချို့ကို ခါချပြီး တောင်ပေါ်ကနေ စိတ်ပျက်လက်ပျက် ဆင်းခဲ့၏...
..
မိုးကြိုးမြို့တော်တွင် အလွန်စည်ကားနေသည့် နေ့တစ်နေ့ ...
လမ်းကြိုလမ်းကြားပါမကျန် လူတိုင်းနှုတ်ဖျားမှာ ရေပန်းစားနေသည်က ဘုရင့်သားတော် ကြင်ယာရွေးမည့်အကြောင်း ...
ပိုစိတ်ဝင်စားဖို့ကောင်းသည့်တစ်ချက်က - ကြင်ယာရွေးပွဲတွင် နောက်ခံမိသားစုအရှိန်အဝါတွေကိုကြည့်မည်မဟုတ် ၊ မည့်သည့်မိန်းမပျိုမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်...လွန်ခဲ့တဲ့ (၃)လအတွင်း ရှင်းယွမ် က အေးဆေးငြိမ်နေခဲ့ခြင်းလုံးဝမဟုတ်...
နိုင်ငံအနှံ့မှ ဝင်ရောက်အရွေးခံမည့် မိန်းမပျိုလေးတွေကို ပထမအဆင့် စာမေးပွဲပင် သူမ စစ်ခဲ့တယ်...
တစ်မြို့ဝင်တစ်မြို့ထွက် သင့်တော်မဲ့သူ လိုက်ရှာဖွေခြင်းထပ် မိန်းမပျိုလေးတွေကို သူမ နန်းတော်ဆီအကုန်ဖိတ်ခေါ်ပြီး စာမေးပွဲကျင်းပပေးလိုက်ခြင်းက ပိုမြန်ဆန်လွယ်ကူမည်...
အသက် ၁၈ နှစ် နှင့် ၂၃ နှစ်ကြား မိန်းမပျိုတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး စာမေးပွဲတွင် ရေးဖြေ ၊ နှုတ်ဖြေ ၊ အရည်အချင်းပြ စာမေးပွဲတွေပါမည်ဖြစ်ပြီး အဆင့်ဆင့်တွင် အောင်မှတ်ကျော်ခဲ့တဲ့ သူတွေသာ နောက်ဆုံးဖိုင်နယ်အဖြစ် ရှင်းယွမ် ကိူယ်တိုင် စိစစ်ရွေးချယ်ကာ စကာတင် အယောက် ၆၀ ကို စစ်ထုတ်ခဲ့တယ်...ရှင်းယွမ် ရဲ့ ခမ်းနားသည့်အစီအစဉ် ဖြင့် ပွဲကျင်းပမှု ၊ လန်ကောသည် မင်းသားတစ်ပါးဖြစ်ရုံမက နယ်မြေ(၃)ခုပြိုင်ပွဲတွင်လည်း ချန်ပီယံ ဖြစ်ခဲ့သူ ၊ ခန္ဓာကိုယ်ချို့တဲ့နေသည့် မိဘမဲ့ကလေးများစွါကို ကယ်တင်ပြီးမျှော်လင့်ခြင်းဂေဟာ တည်ထောင်ခဲ့သူ... ဂုဏ်ပုဒ်များစွါတို့ကြောင့် အပြာရောင်နယ်မြေတစ်ခုလုံး လန်ကောရဲ့ကြင်ယာရွေးပွဲအတွက် အုတ်အုတ်ကြတ်ကြတ် ဖြစ်လို့နေတယ်...
DU LIEST GERADE
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...