Chapter 41 : The Sixth Holy Page ...
(၆)မျက်နှာမြောက် ကျမ်းစာရွက်..."ကျမ်းဆောင်ထဲကို မင်းဝင်ခွင့်မရှိဖူး"
လန်ကော မကျေမနပ်ဖြင့် -
"မင်းကတအား ကပ်စီးနဲ ကပ်သပ်တာပဲ"ဖာ့ဟွားရဲ့ အကြည့်တွေက တည်ကြည်လေးနက်နေပြီး -
"ကျမ်းဆောင်တွေဆိုတာ ငါ့နှလုံးသားထဲမှာ အထိတ်အထိပ်ထားတဲ့နေရာ... မလေးမစားလုပ်ခွင့်မပြုဖူး"ဖာ့ဟွားအလေးအနက်ဖြစ်နေတဲ့ပုံစံကို လန်ကော အံ့အားသင့်စွါ ငေးကြည့်ရင်း -
"မင်းက တကယ့်ကိုအရိုးခံပဲ .. ငါက ဒီအတိုင်း ဘာရယ်မဟုတ် လျှောက်ပြောတာပါ . တကယ်လည်း မသွားချင်ပါဖူး... မင်းဖာသာမင်းသွားတော့ မြို့ထဲမှာ မင်းကိုငါစောင့်နေမယ်"ဖာ့ဟွား အဝတ်နဲ့လုပ်ထားတဲ့ ပိုက်ဆံအိတ်တစ်ခုကို ထုတ်လာကာ -
"မင်းနဲ့အတူ ဒါလေးကို လူကြုံပါးလိုက်ချင်တယ် .. ငါပေးတဲ့လိပ်စာအတိုင်းသွားပြီး အစ်မတမ် ကို ဒီအိတ်ပေး ပေးပါ"အလေးချိန်စီးလှသည့်အဝတ်ပိုက်ဆံအိတ်ကို လန်ကော လက်ခံယူလိုက်ပြီး -
"ငါ ကြားဖြတ်လုပြေးသွားမှာကို မင်းမကြောက်ဖူးလား?""ဟား ဟား ဟား"
"မင့် ညီမကို သွားရီနေလိုက်!!"
ဖာ့ဟွား အားပါးတရ ရီမောနေတဲ့ ပုံစံကို လန်ကော မမြင်စဖူး ငေးကြည့်မိသွားတာကြောင့် ... သူ အနဲငယ် ရှက်မိသွားတယ်.."ငါ့မှာ ညီမ မရှိဖူး"
ဖာ့ဟွား ပြုံးရွှင်စွါဖြင့် -
"ဒီအိတ်ထဲမှာ စာတစ်စောင်လည်းပါတာမို့ အစ်မတမ် ဘာလုပ်ရမယ်ဆိုတာ တန်းသိပါလိမ့်မယ်... (၆)ရွက်မြောက် ကျမ်းစာရွက် ကို ရခဲ့ပြီးတာနဲ့ တန်းပြန်လာခဲ့မယ်""အင်းပါ... အင်းပါ .. သိပါပြီ"
..
ရွက်တိုင် (၃)တိုင် နှင့် ရွက်လှေကြီး ဥာဏ်ပညာမြို့တော်ရဲ့ ဆိပ်ကမ်းကို ကမ်းကပ်လိုက်သည်နှင့် လှေပေါ်ကနေ လူငယ်လေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆင်းလာတယ်...
"အိုင်း... မြေပြင်ပေါ် ခြေချရတာလောက် ကောင်းတာမရှိဖူး"
လတစ်ချို့ ပင်လယ်ခရီးထွက်ခဲ့ရသည်မို့ မြေပြင်ပေါ် ခြေပြန်ချချိန်မှာတောင် လန်ကော အနဲငယ် ယိမ်းထိုးချင်နေ၏...
ESTÁS LEYENDO
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasíaTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...