Chapter 144+145

344 31 2
                                    

(Unicode)
Chapter 144 : Barbecue... 🍖🍗

"မင်းပြောချင်တာက - ငါက အရည်အချင်းမရှိဖူးပေါ့? မင်းတောင် ငါ့ကို နိုင်တာ မဟုတ်ပဲနဲ့များ!"
လန်ကော ရှူးရှူးရှားရှားပြန်ရန်တွေ့နေရင်း ညာဖက်လက်ကိုမြောက်ကာ ရေခဲဖန်လုံးတစ်ခုဖန်တီးလိုက်တယ်...
ထိုရေခဲဖန်လုံးထဲ မီးတောက်တစ်ခုပေါ်လာပြီး ရေခဲမီးအိမ်လုံးပုံစံဖြစ်သွားချိန် လေထဲကို ပစ်မြောက်လိုက်တယ် ...
ထိုရေခဲမီးအိမ်လုံးလေးကို သူတို့သွားမည့်လမ်းတစ်လျှောက် ရှေ့ကနေ အလင်းရောင် ပြစေသည်...

ဖာ့ဟွား ဘာစကားမှထပ်မဆိုပဲ လန်ကော ဘေးကနေ တိတ်တိတ်လေးသာ လမ်းလျှောက်လိုက်ခဲ့တယ်...
ထိုအခါ လန်ကော ရင်ထဲတမျိုးကြီး ...
ဖာ့ဟွား ဆီကနေ -
'ကလေးဆန်တယ်' 'အရူး' ... ဒီစကားတွေထပ်ထွက်လာမယ်ထင်ထားတာ ... မထွက်လာတော့ ...
"ဒီအချိန်ဆို မင်း ငါ့ကို 'အ'လွန်းတယ် လို့ ပြောနေကျမဟူတ်ဖူးလား?"

ဖာ့ဟွား ပြုံးလျက် -
"မပြောတာက ... မင်းဥာဏ်ရည်ပိုင်းမှာ တိုးတက်မှုပြလာလို့.. ဥပမာ - အခုကိုပဲကြည့် ငါထုတ်မပြောလည်း မင်းဖာသာမင်း သိတတ်နေပြီလေ"

"ငါသိနေတယ်!! မင်း ပါးစပ်ဟလိုက်တာနဲ့ ငါ့ မကောင်းတာတွေပဲ ထွက်လာမယ်ဆိုတာ !
ဒါနဲ့ မိုးကြိုးမြို့တော်သိုင်းပြိုင်ပွဲပြီးထားတာဖြင့်ကြာလှပြီ ... ရှန်ချန်းကော ငါတို့ကို ဘာလို့ လာမတွေ့သေးတာပါလိမ့်??."

"မင်းစကားလမ်းကြောင်းလွှဲတာ ပညာသား မပါသေးဖူး"

"ဖာ့ဟွား ! ကျစ် ...မင်းဟာလေ.. တအားစိတ်ညစ်ဖို့ကောင်းတာပဲ..."

...

လန်ကော ဦးဆောင်မှုဖြင့် တပ်စခန်းကနေ ၂ကီလိုမီတာ ခန့် အကွာအဝေးရှိသည့်
မြို့ငယ်လေး တစ်ခုကို ရောက်ရှိခဲ့တယ်...
ဒီမြို့လေးက မိုးကြိုးမြို့တော်ရဲ့ပိုင်နက်ထဲက မြို့လေးသာဖြစ်တယ်...
မြို့လေးကသေးပေမဲ့ မနီးမဝေးမှာ တပ်စခန်း ရှိနေလို့လားတော့မသိ .. သူ့ဟာနဲ့သူ စည်ကားနေ၏ ..
တစ်မြို့လုံး မီးထိန်ထိန်လင်းနေပြီး တစ်ချက် တစ်ချက် သံထုရိုက်သံတွေကိုပါ ကြားနေရတယ် ...

"ထျယ်လိတ်မြို့ က သံထည်ပြုလုပ်တာကြောင့် နာမည်ကြီးတယ် ... မိုးကြိုးမြို့တော်အတွက် လက်နက်အများစုကို ဒီက ပန်းပဲဖိုတွေကနေပဲထုတ်လုပ်တာလေ... လက်နက်အပြင် တခြားသံထည်တွေလည်း ကိုင်ပေမဲ့လို့ အဓိက စီးပွါးရေးကတော့ လက်နက်ထုတ်လုပ်တာပေါ့... ဒီမြို့မှာ တခြားနာမည်ကြီးတဲ့ဟာတစ်ခုရှိသေးတယ်... မကြာခင် မင်းတွေ့ရတော့မယ်"
ပြောပြောဆိုဆိူ လန်ကော တစ်နေရာကို လက်ညှိုးထိုးပြလာတာကြောင့် ဖာ့ဟွား လှမ်းကြည့်လိုက်တယ် ...
အသားရောင်းသည့်ဆိုင်လေးတစ်ဆိုင် ...
"ထျယ်ဂျီ အသားဆိုင်" ဟု ရိုးရှင်းစွါ
ဆိုင်းဘုတ်ချိတ်ဆွဲထားတယ်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Место, где живут истории. Откройте их для себя