Chapter 133+134+135

293 38 4
                                    

Chapter 133 : The Law...
စွမ်းအင်ဥပဒေ...

နောက်တစ်နေ့ မနက်အစောပိုင်းမှာတင် နန်းတော်ရင်ပြင်မှာ လူတွေကြိတ်ကြိတ်တိုးလို့နေပြီ ...
ဒီနေ့ ဖိုင်နယ်ပွဲကို ကြည့်ရဖို့အားသန်နေကြတာဖြစ်သလိူ ၊ လောင်းကြေးထပ်နေကြခြင်းလည်းဖြစ်တယ်...
အရင်ပွဲစဉ်တွေရဲ့ တွက်ချက်မှုအရ ... လန်ကော နိုင်မည့်ဖက်ကလောင်းသူက - ၁၀၀ မှာ ၃၀ ..
နံပါတ် ၅၈ ဖက်က လောင်းသူ က ၁၀၀ မှာ ၈၈ ယောက် ...
လောင်းကစားဒိုင်အခြေအနေကိုကြည့်ရုံနှင့် လန်ကော နှင့် နံပါတ်-၅၈ ကြားက ကွာဟမှုက ပေါ်လွင်နေ၏..
လောင်းကစားဒိုင်အခြေအနေ အခုလိုဖြစ်နေရခြင်းက သူတို့နှစ်ယောက်ရဲ့ အရင်တိုက်ပွဲတွေအခြေအနေ ၊ ပြိုင်ဖက် ဖြစ်ခဲ့သူတွေကို အင်တာဗျူးမေးထားရာမှ ရခဲ့သည့် အချက်အလက်တွေ ကြောင့်မို့လည်း ပါတယ်...

ဥပမာ - လိတ်မင်းယန် ကိူ အင်တာဗျူးကြည့်တော့ - "နံပါတ် ၅၈ က နတ်ဘုရားအဆင့်တောင် ဖြစ်နိုင်လောက်သည်" ဟု ဖြေကြားခဲ့သလို ၊
တစ်ဖက်မှာ အကြီးအကဲအဖိုးကို မေးကြည့်ခဲ့တော့ - "လန်ကော က အဆင့်-၉ ကို ရောက်ထားတာ မကြာသေးဖူး" ဟု ဆိုလာသည်...

ဒါကြောင့် နံပါတ်-၅၈ ဖက်ကနေ လောင်းကြေးထပ်သူတွေများနေတာ မဆန်း ..
ဒီပွဲမှာ အဆင့်-၉ ကျင့်ကြံသူ ၊ လန်ကော အပါအဝင် စုစုပေါင်း ၅ယောက်ပါခဲ့ပြီး လိတ်မင်းယန် နှင့် ကျန် (၂)ယောက် ကို နံပါတ်-၅၈ တစ်ယောက်တည်းကပဲ ရှင်းခဲ့သည် ... ပြီးတော့ ထိုပွဲစဉ်တွေက တိုက်ခိုက်ချိန်လည်း မကြာခဲ့ဖူး ...
လန်ကော က အဆင့်တက်မြန်ပြီး ထူးချွန်တဲ့လူငယ်တစ်ယောက်ဆိုတာ မှန်ပေမဲ့ သူက အဆင့်တက်ထားတာ မကြာသေးသည့်အပြင် ၊ အဆင့်တူ သန်မာသည့် စီနီယာ တွေနဲ့ မတိုက်ဖူးသေးဖူး ...

အခြေအနေက လယ်ကွင်းမှာ ဆင် ဆင်းသွားသလို ထင်ရှားလှ၏ .
နံပါတ်-၅၈ က ပြိုင်ဖက် အဆင့်-၉ ဖြစ်နေလည်း အနိုင်တိုက်နိုင်ကြောင်း ၃ကြိမ်တိတိ သက်သေပြခဲ့ပြီးဖြစ်ပေမဲ့ လန်ကော ကတော့ တစ်ကြိမ်လေးတောင် သက်သေမပြနိုင်သေးဖူး..

"ငါ့ရဲ့ နိုင် နိုင်ချေ က အဲ့လောက်တောင် ဆိုးနေတာလား?? ငါ့ဖက်က လောင်းရင် လျော်ကြေးအဆပိုရမှာကို  '."
လောင်းကစားဝိုင်းရဲ့ အလျော်အစားနှုန်း ကို လန်ကော ကြားမိပြီး အစာမကြေတွေဖြစ်နေတယ်..

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Donde viven las historias. Descúbrelo ahora