Chapter 57 : The Green Sea of Life...
စိမ်းလန်းသောအသက်ပင်လယ်...ရိက္ခာအလုံအလောက်ဖြည့်ထားတဲ့ ရွက်တိုင် (၃)တိုင်ထူ ရွက်လှေကြီးတစ်စင်း ဥာဏ်ပညာမြို့တော်ရဲ့ဆိပ်ကမ်းကနေ ရွက်လွှင့်ထွက်လာခဲ့သည်...
ဖာ့ဟွားကတော့ ဂေဟာမှာပဲ အရင်နေခဲ့ပြီး ရွက်လှေ ပင်လယ်ထဲကို အတော်ဝေးဝေးခရီးရောက်မှ မန္တာန်ဖြင့် ရွက်လှေပေါ်ဆင့်ခေါ်ရောက်လာခဲ့၏...လန်ကောရဲ့ စိတ်အခြေအနေ သိသိသာသာကြီးတိုးတက်လာတာကိုကြည့်ပြီး ဖာ့ဟွား အံ့ဩမိနေတယ်... လန်ကောရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပြီး သူ့မျက်လုံးတွေကလည်း ပိုကြည်လာတယ်..
နှစ်ယောက်သားကစိတ်ချင်းဆက်နေသည်မို့ လန်ကော မျက်နှာပေါ်က အပြုံးဟာ အတုအယောင်တစ်ခု မဟုတ်မှန်း ဖာ့ဟွားသိတယ် ... လန်ကော ရဲ့ ပူဆွေးဝမ်းနဲမှုတွေ သိသိသာသာကြီး လျော့ပါးသွားတဲ့အပြင် အရာရာကို အကောင်းမြင်စိတ် တွေလည်းပိုတိုးလို့လာနေတာကို လန်ကောဆီကနေ သူခံစားမိနေတယ်..လှေရဲ့ လက်ရန်းမှာ ရပ်နေရင်း ပင်လယ်ပြာကြီးကိုလှမ်းမျှော်ကြည့်ကာ -
"ဖာ့ဟွား မင်းသိရဲ့လား? ငါ့ကို ပြောင်းလဲသွားစေခဲ့တာ ရုန်ရှင်းလေး ကြောင့်ဆိုတာ..""အင်း ... အချိန်အများစုမှာ ငါ့ကို ခွန်အားတွေပေးခဲ့တာလည်း သူတို့လေးတွေပဲ... ငါ့ကို သတ္တိတွေရှိလာစေတယ်"
လန်ကော ခေါင်းငြိမ့်ထောက်ခံပြီး ခပ်ပြုံးပြုံးဖြင့် -
"ဟုတ်တယ် ... သတ္တိရှိလာစေတယ် ... ရုန်ရှင်းကငါ့ကို သတ္တိတွေ ခွန်အားတွေပေးခဲ့တယ်... ဖြစ်လာနိုင်မဲ့ ပြသနာတွေအပေါ်တွေးပူပြီးကြောက်မနေနဲ့... ဟုတ်တယ်မလား?""အင်း ... ဖြစ်လာမှပြေးရင်ဆိုင်လိုက်... တွေးပူမနေနဲ့"
"...ငါတို့လေ့ကျင့်ကြစို့ .. တုနှိုင်းမဲ့ပုလဲရဲ့ ပုံရိပ်ယောင်နယ်မြေထဲမှာ ငါတို့ မလေ့ကျင့်ဖူးသေးဖူး ... အပြင်မှာ တစ်ရက် ဆို အဲ့ထဲမှာ ၃ရက် နဲ့ညီမျှတယ်လို့ ပြောဖူးခဲ့တယ်မလား? ငါတို့ အဆင့်-၉ ကို အမြန်ဆုံး အရောက်လှမ်းမယ်!"
"အင်း"
..
တောင်ဖက်အရပ်ကို ရွက်လွင့်ထွက်ခွါခဲ့တဲ့ ရွက်လှေကြီးကား ဒီခရီးမှာတော့ ခက်ခဲကြမ်းတမ်းမှုတွေ မကြုံရပဲ အေးအေးချမ်းချမ်း ရှိနေတယ်...
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...