Chapter 88+89

337 32 1
                                    

Chapter 88 : Martial Arts Recruitment?
ကျင့်ကြံရေးသမားတွေကို လိုက်စုနေတယ်??

မိစ္ဆာနယ်မြေထဲကို ဖာ့ဟွား နှင့် လန်ကော ရောက်လာတာ သိပ်မကြာသေးတာမို့ အဆင့်-၁၀ နှင့် အထက် မိစ္ဆာကြီးတွေနဲ့ မကြုံဖူးသေးဘူး ...
ဒါပေမဲ့ မိစ္ဆာတွေ က ရှူဟိုင်တွေထပ် ပိုအစွမ်းထက်မယ်ဆိုတာကိုတော့ သူတို့သိနေတယ် ... လန်ဟိုင်မျိုးနွယ်(ပင်လယ်ပြာမျိုးနွယ်) တွေတောင် ယှဉ်နိုင်လောက်မည်မဟုတ် ...
ဘာပဲပြောပြော မိစ္ဆာမျိုးနွယ် ဆိုတာ ရေခဲခေတ် တစ်ခေတ်လုံး ဖာလန်ဂြိုလ် ကို အုပ်စိုးခဲ့သူတွေပဲကိုး ...

"နဲနဲတော့ ပျော်ဖို့ကောင်းတယ်လို့ မင်းမထင်ဖူးလား??"
မိစ္ဆာရိုင်းမြို့တော်ထဲ ရောက်လာချိန် ၊ ဂိတ်ပေါက်မှာ သရုပ်ဆောင်ခဲ့တာကို ပြန်တွေးပြီး လန်ကော သဘောအကျကြီး ကျနေသည် ...

"ကလေးကုလားနဲ့!"
ဖာ့ဟွား တစ်ခွန်းသာ ပြန်တုံ့ပြန်ပြီး ပတ်ဝန်းကျင်ကိုသာ သေချာ အကဲခတ်လို့နေ၏'..

ဖာ့ဟွားရဲ့ အဆူအပူတွေကို ရိုးနေပြီဖြစ်တဲ့ လန်ကော က ဆူခံရတာကို နဲနဲလေးမှတောင် မဖြုံတော့ပဲ -
"ငါတို့ဘာဆက်လုပ်ကြမလဲ?? လေ့ကျင့်ဖို့ နေရာတစ်ခု အရင်ရှာကြမလား?"

ဖာ့ဟွား မျက်မှောင်အနဲငယ်ကြုတ်လျက် -
"မိစ္ဆာရိုင်းမြို့တော်က ထျန်းယွီအင်ပါယာ ရဲ့ အဓိကမြို့တော်(၈)မြို့ ထဲက တစ်ခုဆိုတော့ ဒီမြို့တော်ထဲမှာရှိတဲ့ မိစ္ဆာတွေက သေချာပေါက် အင်အားကြီးမှာသေချာတယ်.. ဒါပေမဲ့ သူတို့တွေထဲမှာ အနီရောင်ဘုရင်မ ကို အနိုင်တိုက်နိုင်မဲ့သူ ဘယ်လောက်ရှိလဲဆိုတာ အရင်လိုက်လေ့လာထားသင့်တယ် .. ပြီးမှ နေဖို့ တစ်နေရာ ရှာကြတာပေါ့"

လန်ကော စိတ်လက်ပေါ့ပါးစွါဖြင့်သာ -
"ကောင်းပြီလေ ... ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မြို့တော်ထဲရောက်လာတာနဲ့ အတော်လေးလုံခြုံလာတာကို ခံစားမိနေပြီ!"

အနီရောင်ဘုရင်မ က အတော်လေး အစွမ်းထက်တယ်ဆိုပေမဲ့ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံစဉ် တိုးတက်မှုနှုန်းကလည်း သူ မတူအောင် မြန်တယ်လေ ...
တုနှိုင်းမဲ့ပုလဲကို သုံးပြီး စွမ်းအင်ကို နှစ်ယောက်အတူသုံးလိုက်ပါက သူတို့ဟာ အဆင့်-၉ အနေအထားကို ယာယီရောက်သွားပြီး တိုက်ခိုက်နိုင်တယ် ... ဒါပေမဲ့ ဒီအနေအထားက အနီရောင်ဘုရင်မကို ယှဉ်ချဖို့ နဲနဲလေးမှ မလုံလောက်သေးဖူး !
အထူးသဖြင့် ဖာ့ဟွား ... သူက အခု အဆင့်-၈ ဖြစ်နေပြီဆိုပေမဲ့ သူ့ကျမ်းစာအုပ်ထဲမှာ စာရွက် (၇)ရွက် ပဲ ရှိသေးကာ ၊ နံပါတ်(၈)ကျမ်းစာရွက် ကို ချီးမြင့်ခံဖို့ ဥာဏ်ပညာမြို့တော် ကျမ်းကျောင်းဆောင် ကို ပြန်သွားဖို့ လိုနေပြီဖြစ်သည်...
ကျင့်ကြံစွမ်းအင်က နှစ်ယောက်ပေါင်းမှ ရတာမို့ ဒီအတိုင်းပဲနေလိုက်ရင် သူတို့နှစ်ယောက် အဆင့်-၉ ကို ထပ်တက်ဖို့ အဆင်မပြေနိုင်လောက်ဖူး ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Onde histórias criam vida. Descubra agora