Chapter 98 : Retribution with Deed ..
အကြွေးပြန်ဆပ်ခြင်း ...ဟွေ့ကျင်းဓါး ကို အတင်းကမ်းပေးနေတဲ့ ဖာ့ဟွားကြောင့် လန်ကော မျက်လုံးတွေပြူးသွားရကာ -
"ဘာဖြစ်လို့လဲ?? မကြည့်အပ်တဲ့အရာကို မကြည့်သင့်တာမှန်း မင်းကိုယ်မင်းကျ သိတတ်နေပြီး လူကြီးလူကောင်းလုပ်ချင်နေတယ်! ငါကကော ဘာမို့လဲ!! ငါက အခုထက်ထိ လူပျိုစစ်စစ် ! ရေမရောသေးတဲ့ လူပျိုစစ်စစ်!! ဘာလို့ ငါက လုပ်ရမှာလဲ!! ဘာလို့လဲ!!"ဖာ့ဟွား လေးနက်စွါဖြင့် -
"မင်းက လွတ်လပ်တဲ့နိုင်ငံတော်သား တစ်ယောက်မဟုတ်လား?? စည်းဘောင်တွေထားမနေပဲ စိတ်လွတ်ကိုယ်လွတ် ပြုမူသင့်တယ်"လန်ကော ခါးထောက်ရင်ကော့ကာ -
"မရဖူး! ငါ့ကို အဲ့လိုနည်းနဲ့ လာဆွယ်ဖို့မကြိုးစားနဲ့ .. ကလေးအကွက်တွေနဲ့ ပျင်းဖို့ကောင်းတယ်! မင်းလူမှဟုတ်သေးရဲ့လား! သူမရဲ့ ခန္ဓာကိုယ်ကို ငါမြင်လိုက်ရပြီး သူမကို လက်ထပ်ရမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ!! မင်းဆိုရင်ရော ပုရွတ်ဆိတ်တစ်ကောင်ကို လက်ထပ်မှာမို့လား!?"ဖာ့ဟွား တုန်လှုပ်ခြင်းမရှိ -
"သာမာန်ပုရွတ်ဆိတ် မဟုတ်ဖူး.. မြေအောင်းပုရွတ်ဆိတ် နတ်ဆိုးမျိုးနွယ် ကိုမှ သူမ က ဘုရင်မ""...ငါတို့ ဒီအတိုင်း... နောက်ဆုတ် ထွက်သွားကြရင်ကော?"
လန်ကော ဖက်ကပဲ အလျော့ပေးလိုက်ရပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ်.."ငါလည်း အဲ့လိုပဲတွေးနေတာ.."
ဖာ့ဟွား နောက်ဆုတ်ကာ လန်ကော နှင့် ဘေးချင်းယှဉ်ရပ်လိုက်တယ် ... မြေပြင်ပေါ်မှာလှဲကျနေသူက သတိမေ့နေတာတောင် စွမ်းအားအတော်ကြီးသူမို့ အစစအရာရာ သတိထားနေရပြီး အနားကြာကြာ မကပ်ရဲဖူး!နှစ်ယောက်သား ချာကနဲလှည့်ထွက်လိုက်ချိန်မှာပဲ ... ခန္ဓာကိုယ်မှာ ရွှေရောင်တွေလက်လာကာ အနီရောင်ဘုရင်မ ရဲ့ အနား ပြန်ပို့ခံလိုက်ရတယ်..
"လှည့်စားတတ်တဲ့ အကျင့်မကောင်းတဲ့ ပုလဲ!!"
ဒီတစ်ကြိမ်တော့ ဖာ့ဟွားနှင့်လန်ကော တပြိုင်နက်တည်း ကျိန်ဆဲမိခြင်း...ဘာလို့ ငါတို့ကို သွားခွင့်မပြုနေတာလဲ??
ဖာ့ဟွားနှင့်လန်ကော တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖာ့ဟွားလေသံတီးတိုးဖြင့် -
"ပျော်ရွှင်မှုတွေကို ငါတို့ အတူမျှဝေခဲ့ကြတယ်..."
JE LEEST
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...