Unicode
Chapter 158 : Create Destruction!
ဖျက်ဆီးခြင်းကိုဖန်တီးလိုက်သည်..ဒြပ်စင်မုန်တိုင်းကိုဖန်တီးခဲ့သည့် လန်ကော ၄ ယောက်တို့သည် ကိုယ်ပွားတွေဆိုပေမဲ့ သက်မဲ့ရုပ်သေးရုပ်တွေလို ရှိနေသည်မဟုတ်... သူတို့မျက်နှာပေါ်မှာ စိတ်ခံစားချက်တွေပါအထင်းသားပေါ်နေသည်... အပျော်လွန်ကဲနေသူ ၊ ဝမ်းနဲနေသူ ၊ ရူးသောပေါသောလုပ်နေသူ ၊ တည်ငြိမ်လေးနက်နေသူ... အစရှိသဖြင့် ၄ယောက် ၄မျိုး ဖြစ်၏...
အရှေ့တိုက်ပွဲ ၃ခုမှာ အဓိက လှုပ်ရှားခဲ့သူက ဖာ့ဟွားဖြစ်ပြီး ဒုတိယပွဲ ဖျက်ဆီးခြင်းဥပဒေ ကို လန်ကော သုံးနိုင်ခဲ့သည်ကပင် ဖာ့ဟွားရဲ့ အားဖြည့်ပေးမှု အချိန်ဆွဲပေးမှုတွေကြောင့်... ဒီတစ်ပွဲမှာတော့ လန်ကော အနေနှင့် အဓိကတိုက်ခိုက်သူ အဖြစ်လုပ်ဆောင်မည်...လန်ကော ရဲ့ စွမ်းအင်အစစ်ကို တွေ့စေရမယ်!!
ထျန်းမိုကျွေးယွမ် လက်ထဲကတောင်ဝှေးကို မြေပြင်ပေါ် ဒုန်း ကနဲ စိုက်ချလိုက်တော့ သူမနောက်ရှိ မှော်ငှက်ကြီး အတောင်ပံတွေဖြန့်ကားဆန့်လျက် တုန်ခါမှုရှိသော အသံတချို့ကို အော်မြည်လာကာ အတောင်တွေကနေ ကြီးမားသော ခရမ်းရောင်အလင်းတန်းကြီး နှစ်ခု ပြန့်ကားထွက်လာပြီး တဖြေးဖြေးနဲ့ အလင်းတန်းကြီးသည် ပိုမိုကျယ်ပြန့်လို့လာတယ်... ခရမ်းရောင်အလင်းတန်း ဖြတ်သွားရာလမ်းကြောင်းတစ်လျှောက် ဒြပ်စင်မုန်တိုင်းပင် ကွဲထွက်ပေးရသည့်အထိ အလင်းတန်းမှာပါတဲ့စွမ်းအင်ကကြောက်မယ်ဖွယ်ကောင်းလှသည်....
ဒါက ဘာကြီးလဲ၊
ဖာ့ဟွား မသိသလို လန်ကော သည်လည်း မသိ... ဒါပေမဲ့ ထိုအလင်းတန်းကြောင့် ကြောက်ရွံ့မှုကို လန်ကော ခံစားလာမိတယ်... အသူတရာ နတ်ဆိုး ၏ ၁၀မီတာ ပတ်လည်ကို မုန်တိုင်းလုံးဝမရောက်နိုင်တော့ပဲ ခရမ်းရောင်အလင်းတန်း က ဒြပ်စင်တွေကို အကုန်တိုက်ဖျက်စားနေသည်...
ထျန်းမိုကျွေးယွမ် လန်ကောကို မော့ကြည့်လာချိန် သူမ နောက်ရှိ ငှက်ကြီးသည် ပြင်းထန်စွာ အတောင်ပံတွေခတ်လာကာ ငွေရောင်လခြမ်းသဏ္ဍာန်အလင်းတန်းဓါးကောက် တစ်ခုကို ပေါ်လာစေပြီး ထိုငွေရောင်ဓါးကောက်က ခရမ်းရောင်အလင်းတန်းနောက်ကို အမှီလိုက်လို့လာတယ်...
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...