Chapter 90/91/92/93 (Zawgyi)

210 7 0
                                    

Chapter 90 : The Tough Princess...
ကြမ်းတမ်းလွန်းသော မင်းသမီးတွေ...

အသားဖြူဖြူ သေးသေးညက်ညက် ကောင်ငယ်လေးက အသံတိုးဖို့ လက်ဟန်ခြေဟန်တွေဖြင့် ပြာပြာသလဲ လုပ်ပြပြီး -
"အိုင်းယား ... အသံတိုးကြပါ ညီအစ်ကိုတို့ရယ် ... ပြန်ပေးဆွဲခံရတာသာ မဟုတ်ရင် ဘယ်သူမှ ဒီကြင်ယာရွေးပွဲကို လာမပြိုင်ဖူးဗျ! ကျွန်တော်တို့တွေက လူသားလိုပဲ အလှအပခံစားတတ်တယ်... ပြီးကျ ဒါကြီးက ဟန်ပြ ကြင်ယာမိတ်ဖက်ရွေးပွဲကြီး!"

"အာ?? ကြင်ယာရွေးပွဲ အစစ်မဟုတ်ဖူး?? ဒါဆို ဘာအတွက်လဲ??"
ဖာ့ဟွား လိုလူတောင် စပ်စုချင်လာသည်...

"အဟမ်း ... ပထမဆုံး ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပေးအူးမယ် ... ကျွန်တော်က ထျန်းရီရန် တောင် က တူးမျိုးနွယ်ပဲ ..
ဒီက ညီအစ်ကိုတို့ကိုကြည့်ရတာ ဒီနယ်မြေသားတွေဟုတ်ဟန်မရှိဖူး.. ဘယ်က လာခဲ့ကြတာလဲဗျ?"

တောင်ပေါ်သား?? တူးမျိုးနွယ်??

လန်ကော က -
"အမှန်ပဲ.. ငါတို့က တခြားနယ်မြေသားတွေ ... တော်နေလေးကမှ မိစ္ဆာရိုင်းနြို့တော် ကို ရောက်လာခဲ့တာ.."

"ထင်ပါတယ် ... ဒါကြောင့်မို့ ဒီမြို့တော်ထဲကအကြောင်းတွေမသိနေတာ .. ကျွန်တော်ပြောပြမယ် - စင်ပေါ်က မင်းသမီးနှစ်ပါးက မိစ္ဆာရိုင်းမြို့တော်မှာ နာမည်ကြီးတွေ... ပန်းအဝါရောင်ပန်ထားတဲ့တစ်ယောက်က - ဟူကျောင်းကျောင်း လို့ခေါ်တယ် .. ပန်းရောင် နဲ့ တစ်ယောက်က ဟူရုံရုံ .. မြို့တော်ဝန်/မြို့တော်ရဲ့မိစ္ဆာဘုရင်ကြီး သူ့သမီးတော်တွေကို နာမည်ပေးတဲ့အချိန် သူ့မှာလည်း သူ့စိတ်ကူးနဲ့သူရှိခဲ့မှာပေါ့ ... ကြီးလာမှ နာမည်တွေနဲ့ ပုံစံတွေနဲ့ လွဲနေတာတော့ ဘယ်တတ်နိုင်ပါ့မလဲလေ..."

တောင်ပေါ်သား ကောင်ငယ်လေးက ဘယ်အချိန်ကတည်းက စကားပြောဖော် ငတ်နေခဲ့သည်မသိ .. ပါးစပ်ဟပြီးသည်နှင့် စကားတွေ မရပ်မနားကို ပြောတော့သည် ...

"မင်းသမီးတွေက သူတို့ ဖခမည်းတော် မိစ္ဆာဘုရင်ကြီးရဲ့ သွေးသန့်အမွေအနှစ်တွေကို ပြည့်စုံစွါဆက်ခံနိုင်ခဲ့တယ်.. ပြောရမယ်ဆိုရင် ကျားမိစ္ဆာမျိုးနွယ်ထဲမှာ အကောင်းဆုံးရွှေရောင်သွေးမျိုးဆက် ကို ဆက်ခံနိုင်ခဲ့တဲ့ မျိုးဆက်သစ်တွေပေါ့ ... သူမတို့ အသက်(၆)နှစ်မှာကို လမ်းမပေါ်တွေတက်ပြီး ဓါးပြ တက်တိုက်နေပြီ .. သူမတို့ဖခမည်းတော် မုန့်ဖိုးပေးတာ မလောက်လို့တဲ့လေ!! အသက် (၈) နှစ်မှာ ကိုယ်ရံတော်တွေကို စိန်ခေါ်ပြီး ချခဲ့တယ် ! အသက် (၁၂) နှစ်မှာ မိစ္ဆာရိုင်းတစ်မြို့လုံး သူမတို့ မချဖူးတဲ့လူမရှိ ဖြစ်နေပြီ !
သူမတို့ ဘယ်သွားသွား ရန်ပွဲတွေနဲ့ချည်းပဲ ပွက်လောရိုက်အဆုံးသတ်ခဲ့တယ် ... ဘုရင်ကြီးက သူ့သမီးတော်တွေကို ပညာသင်ယူဖို့ တခြားမြို့တော်တွေဆီ ပို့ဖို့ကြိုးစားခဲ့ပါသေးတယ်... ဒါပေမဲ့ ဘယ်မြို့တော်ကို ပညာတော်သင်သွားခဲ့ သွားခဲ့ ၊ တစ်လပဲကြာပြီး မိစ္ဆာရိုင်းမြို့တော်ကို ပြန်ပို့ခံရတယ် ... ဘာကြောင့်ဆိုတာ ညီအစ်ကိုတို့ မှန်းနိုင်ရဲ့ မဟုတ်လား?"

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now