Chapter 37+38

389 44 4
                                    

Chapter 37 : Separate Interrogation ...
လူချင်းခွဲပြီး စစ်ဆေးမေးမြန်းမယ်..

ရှန့်လျင်းနှုတ်ကနေ တုနှိုင်းမဲ့ပုလဲ ဆိုသည့်စကားလုံးကို တဲ့တိုးဆိုလာတော့ လန်ကော နှင့် ဖာ့ဟွား ရှောခ့်တွေရသွားတယ် !

အရပ်ရှည်ရှည်နှင့်လူတချို့ သူတို့နှစ်ယောက်ကို သိသိသာသာ ဝိုင်းလာတာကိုသတိထားမိလိုက်ပြီး ထိုအုပ်စုထဲတွင် ဝက်ဝံကြီးရှုန်ကျန်းလည်း ပါလာတယ်..
ရှုန်ကျန်း နှာတစ်ချက်ရှုံ့ပြီး -
"အခြေအနေကို သဘောပေါက်ပြီး ငါတို့ခေါ်ရာနောက်ကို အသာတကြည်သာလိုက်ခဲ့တော့ .. ဒီလူ ၆ယောက် စလုံးက အဆင့်-၇ သမားတွေပဲ... ထွက်ပြေးလို့ရမယ် မထင်လေနဲ့"

သူတို့ရောက်နေသည့်နေရာက လမ်းကျဉ်းတစ်ခုထဲမှာဖြစ်သည့်အပြင် ဝိုင်းနေတဲ့သူတွေကလည်း အဆင့်-၇ တွေဖြစ်ပြီး ရောက်နေသည့်နယ်မြေ ကလည်း မြင့်မြတ်နယ်မြေ .. ဒါ့အပြင် ဒီလူတွေ လိုချင်နေတဲ့အရာကလည်း တုနှိုင်းမဲ့ပုလဲ ဆိုမှတော့ ... အနာခံပြီးတိုက်မနေဖူး... အသာတကြည်ပဲ လိုက်သွားမှာပေါ့ ...

ဖာ့ဟွား လေသံတီးတိုးဖြင့် -
"လိုက်သွားကြမယ်"

ရှန့်လျင်း မျက်နှာပူစွါဖြင့် -
"နတ်ဘုရားပုတီးစေ့တွေနဲ့ ပတ်သက်နေလို့ .. အရမ်းအရေးကြီးတဲ့ကိစ္စမို့ပါ ... ကျွန်မတို့အပြုအမူတွေအတွက် တကယ်တောင်းပန်ပါတယ်ရှင်"

နတ်ဘုရားပုတီးစေ့တွေက နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ ဖန်တီးခဲ့သည့် ရှေးဟောင်းအမွေအနှစ် တန်ခိုးထက်လှသည့် ပစ္စည်းတွေမို့ ပိုင်ဆိုင်ခွင့်ရမည့် အဖွဲ့အစည်းအတွက် ပြောင်းလဲမှုတွေ တိုးတက်မှုတွေ အမြောက်အများကို ဖန်တီးပေးနိုင်သည်လေ ...

လန်ကော ခပ်ထေ့ထေ့ သရော်ပြုံးတစ်ခုဆင်မြန်းထားရင်း -
"လုပ်စရာရှိတာသာလုပ်စမ်းပါ .. အပိုဆာပလာတွေ ဟန်ဆောင်ပြမနေပါနဲ့"

"ကောင်စုတ်လေး! မင်းဘာစကားတွေပြောလိုက်တာလဲ!"
ရှုန်ကျန်း ရှေ့တိုးလာပြီး လန်ကော ကို တစ်ချက်ဆောင့်တွန်းလိုက်တော့ လန်ကော ဒေါသထောင်းခနဲထွက်သွားကာ တိုက်ခိုက်ဖို့ လက်မြောက်လိုက်ပေမဲ့ ... ဖာ့ဟွားက လန်ကောလက်ကို လက်ဆွဲထိန်းပြီး ခေါင်းယမ်းပြတယ် ..
ဖာ့ဟွား တားမြစ်ရသည့်အကြောင်းကို လန်ကော ကောင်းကောင်းနားလည်သည်မို့ အခြေအနေကို ခက်ခဲအောင် ထပ်မလုပ်တော့ပဲ ပြန်ငြိမ်ကျသွား၏..

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now