Chapter 146+147

301 30 4
                                    

Unicode

Chapter 146 : Field...
စက်ကွင်းထောင်ခြောက်...

လန်ကော ဘာကြောင့်အရောင်အဝါတွေပြောင်းလဲတောက်ပနေရတာလဲဆိုတာကို ကြယ်နတ်ဘုရားဖြစ်တဲ့ ထျန်းမိုယဲ့မင် သေချာပေါက် သိတယ် ... ဒါက စွမ်းအင်ဥပဒေ ကို ထိတွေ့နိုင်သွားတဲ့လူတိုင်း ဖြစ်လာမဲ့ တိုးတက်ပြောင်းလဲမှုပဲ ...
သေးနုပ်တဲ့လူသား က ဘယ်အချိန်တုန်းကများ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သွားရတာလဲ?
တုနှိုင်းမဲ့ပုလဲအစွမ်းကြောင့်များလား??
ထျန်းမိုယဲ့မင် ပေါ်လာသည့်အတွေးနှင့်အတူ -
"မင်းမှာ ပုလဲကို ထုတ်ပေးလိုက်ဖို့ကလွဲပြီး တခြား ရွေးစရာမရှိဖူး"

လန်ကော ပုခုံးတွန့်ပြလျက် -
"ငါက ဒီပုလဲကိုသိမ်းထားချင်နေတယ်လို့ မင်းထင်နေလား?"

ထျန်းမိုယဲ့မင် ခေါင်းရှုပ်သွားရတယ်..
ထိုအချိန်သူမရဲ့အနောက်မှာ တိမ်စိုင်တိမ်မည်းတွေထပ်ရောက်လာပြီး လေထုထဲမှာ ဖိအားတွေလည်း တိုးလာတယါ !
ကပ္ပတိန် (၅)ယောက် သာမက လန်ကော ပင် တစ်စုံတစ်ခုက သူတို့ကို ဖိနှိပ်ချလိုက်သလို ခံစားရကာ မြေပြင်ပေါ်သို့ အတုံးအရုံးပြုတ်ကျလာကြ၏ ...

"အချိန်တွေမဖြုန်းစမ်းနဲ့"
ဩရှရှ အာဏာပြင်းလှသည့် အသံတစ်ခုက ထိုတိမ်မည်းတွေကြားကနေထွက်ပေါ်လာတော့ ထျန်းမိုယဲ့မင် အနောက်ကိုလှည့်ကာ ရိုသေစွါ ဦးညွတ်၏ ..
မြေပြင်ပေါ်ပြုတ်ကျကာ အရှိန်အဝါတွေဖိနှိပ်ခြင်းခံထားရသည့် လန်ကော ကို သူမ ငုံ့ကြည့်ပြီး -
"ကြားတယ်မလား? မင်းတို့လူသားတွေဆိုတာ ငါတို့အတွက် ပုရွတ်ဆိတ်အဆင့်သာသာပဲရှိတယ်... မင်းတို့ကို သတ်ပစ်ဖို့ဆိုတာ ငါတို့အတွက် အဓိပ္ပါယ်မရှိနေဖူး.. တုနှိုင်းမဲ့ပုလဲ ကို ထုတ်ပေးလိုက်တော့ . မဟုတ်ရင် စက္ကန့်ပိုင်းအတွင်း မင်းသေရမယ်"

လန်ကော မျက်နှာက မဲမှောင်လို့နေ၏ .. ဖိထားသည့် ဖိအားက ကြီးမားလွန်းလို့ သေခြင်းတရားနှင့်ပင် ထိတွေ့နေပြီဟု သူမြင်ယောင်လာမိသည့်အထိ !
လနတ်ဘုရားအဆင့် ဖြစ်သည့် အနီရောင်ဘုရင်မ နဲ့ သူရင်ဆိုင်ခဲ့ဖူးပါတယ် .. ဒါပေမဲ့ အနီရောင်ဘုရင်မဆီကထွက်လာတဲ့ ဖိအားအရှိန်အဝါ က ပြင်းထန်ပေမဲ့ ၊ အခုလို မိူးပြိုကျလာသကဲ့သို့ ပြင်းထန်သည့်ဖိအားမျိုးမဟုတ်ခဲ့ဖူး ...
ဂြိုလ်ကြီးတစ်ခုလုံး စိစိညက်ညက်ကြေအောင် ချေမွခံရပြီး ထိုအထဲမှာ သူက အမှုန့်အဖြစ် လွင့်သွားတော့မည်ဟုတောင် ထင်လာမိသည်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Dove le storie prendono vita. Scoprilo ora