Chapter 118 : Good boy...
လိမ္မာတဲ့ကောင်လေး...// ထျန်း ထျန်း ထျန်း ထျန်း //
သလင်းနီဓါးများနှင့်ဟွေ့ကျင်းဓါး တို့၏ ထိခတ်သံတို့က အဆက်မပြတ်..
ဖာ့ဟွား (၄)ယောက်စလုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်အလွှာတစ်ခု ထူထူထဲထဲရှိနေပြီး ခန္ဓာကိူယ်ကို ဒိုင်းသဖွယ် ပြုမူထားစေသည်...ဖာ့ဟွားအနေနဲ့ ဆုတ်ခွါပြေးလို့လည်းမရသလို ၊ ခန္ဓာကိုယ်ကိူ မထိခိုက်မိအောင်လည်း သတိထားကာကွယ်နေရသည်... သူဒဏ်ရာရသွားလျှင် လန်ကော ပါ တဝက်ခံစားရမည်မို့ လန်ကော ပြင်ဆင်နေသည့်ဒြပ်စင်ဗုံး မှာ သွားပြီး သက်ရောက်မှုရှိသွားမည်...
ယခုအချိန် လန်ကော လိုအပ်နေသည်က အချိန်တင်သာမက ၊ အလုံးစုံအာရုံစူးစိုက်မှုပါဖြစ်တယ် !လန်ကောရဲ့ ခန္ဓာကိုယ်က စိမ်းပြာရောင် ကနေ အနီရောင် ၊ အနီရောင်ကနေ ခရမ်းရောင် ၊ ခရမ်းရောင်ကနေ အပြာရောင် ...
အရောင်တွေတလှည့်စီပြောင်းနေသလို လန်ကောရဲ့ မျက်နှာဟာ နာကျင်မှုကြောင့် နဖူးကြောတွေတွန့်နေပေမဲ့ သူက မလျော့သောဇွဲဖြင့် တည်ငြိမ်စွါ ကြိုးစားပေါင်းစပ်နေဆဲ ...
ဖာ့ဟွားနှင့်သူနဲ့က ပုလဲကနေတဆင့် ဆက်နွယ်နေသည်မို့ ဖာ့ဟွား ဘယ်လောက်ပင်ပန်းနေတယ် ၊ ဖိအားဘယ်လောက်ခံနေရတယ်ဆိုတာ သူသိတယ် .. ဒါကြောင့်မို့ နဲနဲလေးမှ အလွဲအချော်မရှိအောင် သူသေချာ အာရုံစိုက် နေခြင်းပဲ !ဖာ့ဟွား ပထမစာမျက်နှာထဲက တိမ်တိုက်တစ်ခုကို ယူသုံးလိုက်တဲ့အချိန် ... လန်ကော ရင်ထဲမှာ တစ်စုံတစ်ခု ကျိုးပဲ့သွားသလိူ ခံစားလိုက်ရတယ် ...
ဖာ့ဟွားက ကျင့်ကြံစဉ်အဆင့်ကျသွားစေမဲ့ လုပ်ရပ်ကို သူ့အတွက် တစ်ချက်လေးမှ မတွန့်မဆုတ်ပဲ စတေးပစ်ခဲ့တယ်...
ဖာ့ဟွား သူ့ကို 'ရေမြွေခါးနဲ့လန်ကော' လို့ တစ်သက်လုံးခေါ်မယ်ဆိုရင်တောင် သူလုံးဝ စိတ်ဆိုးနိုင်တော့မှာမဟုတ်ဖူး...// ထျန်း ထျန်း ထျန်း //
ဓါးချင်းထိခတ်သံတွေက ကျယ်လောင်စွါ ဆက်ပေါ်ထွက်နေပေမဲ့လို့ ...
ကြာချိန် ၁၀ မိနစ်ခန့်မှာ ရွှေရောင်တွေ အားဖျော့တော့လာတယ် ...
ဖာ့ဟွားမျက်နှာက ဖြူလျော်လာပြီး အဆင့်-၈ အထိတ်အထိပ်ကနေ တဖြေးဖြေးချင်း အဆင့်-၈ ကို ကျဆင်းနေတာကို ခံစားမိတယ်...
လန်ကော အတွက် အချိန်ထပ်ဆွဲပေးဖို့လိုသေးတာကြောင့် အဆင့်-၇ ကိုလုံးဝမကျသေးခင် ၊ ရသည့်အချိန်လေးမှာ... ဖာ့ဟွား နဲနဲလေးတောင်မတုံ့ဆိုင်းပဲ ပထမစာမျက်နှာကိုထပ်လှန်ကာ တိမ်တိုက်တစ်ခုကို ထပ်ယူသုံးဖို့ပြင်လိုက်၏...
ВЫ ЧИТАЕТЕ
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
ФэнтезиTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...