Chapter 29 : တုနှိုင်းမဲ့ပုလဲ...
// ဂျိန်း //
မြေကြီးသိမ့်သိမ့်တုန်သည်အထိ မိုးခြိမ်းသံတို့က ခပ်ပြင်းပြင်း ...
မိုးခြိမ်းသံကြောင့် မြေကြီးတုန်ရုံတင်မက တဲစိုက်ရာမြေပြင်ရှိ တဲအငှါးသမားတွေရဲ့ ရင်ထဲမှာပါ တသိမ့်သိမ့်တုန်နေရသည်...
ဒီလိုမျိုးရာသီဥတုနဲ့သာဆိုရင် ... သေချာပေါက် ငါတို့ တဲ တွေ လှန်ကုန်တော့မှာပဲ!!လန်ကော တခြားသူတွေလို စိတ်ပူပန်ခြင်း စိုးစဉ်းမျှမရှိိ ၊ တဲထဲကနေထွက်ကာ ကောင်းကင်ကိုအခြေအနေတစ်ချက်မော့ကြည့်တယ်...
လေလုံးဝ မတိုက်ပဲ ငြိမ်နေသည်က မုန်တိုင်း အတော်ကြမ်းတော့မယ်ဆိုတဲ့ သင်္ကေတပါပဲ!
လန်ကောအတွက်ကတော့ လေပဲလာလာ ၊ မိုးကြိုး ၊ မိုး ကြိုက်တာအကုန်လာ ... ကြိုက်သောပဲ!!
အို ... လာရုံတင်မက ကြမ်းနိုင်သလောက်ပါ ကြမ်းပစ်စမ်း... ကျင့်ကြံဖို့အတွက် ပိုအဆင်ပြေပြီပဲ!!သစ်ပင်အောက်မှာ ထိုင်နေသည့် ဖာ့ဟွားကို တစ်ချက်လှမ်းကြည့်ပြီး နှုတ်ခမ်းတွန့်ကွေး ပြုံးမိရကာ -
"ဟေး ... မိုးရွာတော့မှာ ... ငါ့တဲထဲလာနေ!"ဖာ့ဟွား ဆီက ဘာတုံ့ပြန်သံမှမကြားရပဲ သူ့ကိုသာ စိုက်ကြည့်လာသည်မို့ လန်ကော ရှက်ဒေါသထွက်လာပြန်ကာ -
"ငါကပဲ စျေးပေါနေမိပြန်ပြီမလား? မလာချင်မလာနဲ့!""ကျေးဇူး"
ဖာ့ဟွား မတ်တပ်ရပ် ၊ ခေါင်းတချက်ငြိမ့် အသိအမှတ်ပြုပြီး တဲထဲကို တစိုက်မတ်မတ် ဝင်သွားတယ် ..တဲပေါက်ရှေ့တွင် ကျောက်ရုပ်ကြီးပမာ ငုတ်တုတ်မေ့နေခဲ့သော လန်ကော... သူ့မျက်နှာကလည်း တစတစ ခရမ်းချဉ်သီးတစ်လုံးလို ရဲရဲလာတယ် ...
ငါဘာတွေဖြစ်နေတာလဲ? တဲထဲကိုဝင်ဖို့ ဖိတ်ခေါ်ခဲ့တာက ငါလေ! အဲ့ဒါကို အခုကျ ငါကပဲ မနေတတ် မထိုင်တတ် မရိုးမရွတွေ ဖြစ်နေမိတယ် !??
ဘယ်လိုစိတ်အခြေအနေကြီးလဲ?!!လန်ကော တဲထဲကို ပြန်မဝင်ပဲ အစားအသောက်ရောင်းချရာနေရာကို ခပ်သုတ်သုတ်ထွက်လာခဲ့တယ် .. မကြာခင် မုန်တိုင်းကျရောက်တော့မည်ဖြစ်တာကြောင့် အစားအသောက်မပြတ်ရလေအောင် အခုကတည်းက ပြေးဝယ်ထားမှဖြစ်မည်လေ!
JE LEEST
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...