Chapter 13+14

557 76 7
                                    

Chapter 13 Golden Runes...
((ရွှေအက္ခရာ ၊ ရွှေသင်္ကေတများ ...))

ကျီရှန့် ရွက်လှေကြီး ၏ အခန်းတစ်ခုထဲတွင် >>

ဖာ့ဟွားနှင့်လန်ကော မျက်နှာချင်းဆိုင် အနေအထားဖြင့် ထိုင်နေကြသည်မှာ မိနစ်တချို့ကြာပြီ ...
ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ပါးစပ်မဟလာသေး...
အဖြစ်အပျက်တွေက မြန်လွန်းလို့ သူတို့ စိတ်တည်ငြိမ်လာအောင်တောင် မနဲကြိုးစားနေရတယ်... အထူးသဖြင့် လန်ကော ... သူ့စိတ်အခြေအနေက အတော်လေးဆိုးနေ၏...

ဟန်နီလေး ရဲ့ (စီးတော်ယာဉ်လင်းပိုင်းလေးရဲ့အမည်) ကျောပေါ်မှာ အေးအေးလူလူ သီချင်းဆိုကြည်နူးနေတုန်း ရုတ်တရပ်ကြီး ရင်ဘတ်မှာ ပြတ်ရှရှာတစ်ခုပေါ်လာတယ် ! ချက်ချင်းဆိုသလိုပဲ ဒီ ကျီရှန့်ဆိုတဲ့ ရွက်လှေကြီးပေါ် ဗြုန်းဒိုင်း ရောက်ချလာပြန်တယ်!
ဒါတင်မရပ်သေးဖူး!! ပင်လယ်အုပ်စိုးသူ နဂါးမျိုးနွယ်ဝင် ၊ နဂါးပြာတစ်ကောင်နဲ့လည်း ဘုမသိဘမသိ ရင်ဆိုင်တိုက်ခိုက်လိုက်ရတယ် ! နဂါးကြီးကို မေ့သွားတဲ့အထိ ထုနိုင်ခဲ့တယ်ဆိုပေမဲ့ပေါ့လေ...
ပိုအရေးကြီးတာက ... ငါက အခုချိန်မှာ သူတစ်ပါးရဲ့ ပိုင်နက်ထဲ ရောက်နေတယ်!!! တိတိကျကျပြောရရင် မဟာရန်သူတော်ကြီးရဲ့ရွက်လှေပေါ်ပေါ့!..

ပိုဆိုးပြန်တာက - ဒီရွက်လှေပေါ်ကနေ သူ့လင်းပိုင်လေးပေါ်ကို ဘယ်လို ပြန်ရောက်အောင် သွားရမလဲဆိုတာပဲ!

"ဟေး! မင်းအရင်စပြော! ငါ့ကို ဖြေရှင်းချက်တစ်ခုခုပေးတော့!!"
လန်ကော က အမှန်အကန် စတင်ဆွေးနွေးမှုကို စလိုက်တယ်...

ဖာ့ဟွားက သူ့ကို တစ်ချက်ကြည့်ပြီး -
"တုနှိုင်းမဲ့ပုလဲ ပဲဖြစ်မယ်"

လန်ကော က ဒေါသတကြီး -
"တုနှိုင်းမဲ့ပုလဲကြောင့်ဆိုတာတော့ ငါလဲရိပ်မိတာပေါ့ဟ! ဒါပေမဲ့ ဒါက ဘာသဘောကြီးလဲ? ဒီလိုဆက်နွယ်မှုကြီးကို သမိုင်းဝင်ပစ္စည်းလို့ကော ခေါ်လို့ရလို့လား? ငါ့ကို မင်းဘယ်လို ဆင့်ခေါ်နိုင်ခဲ့တာလဲ? မင်းဒဏ်ရာရဲ့ တစ်ဝက်ကို ငါက ဘာလို့ မျှဝေခံနေရတာလဲ? ငါမင်းကိုရှင်းအောင်တခါတည်းပဲပြောထားမယ် - ဒီဟာကို ငါ့ကိုယ်ပေါ်ကနေ ချက်ချင်းဖယ်ပေးရင်ဖယ်ပေး ၊ မဟုတ်ရင်တော့ မင်းနဲ့ငါ ဒီတစ်သက် မကြေပွဲပဲ!"

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Donde viven las historias. Descúbrelo ahora