Chapter 59 : Eating by mistake..
"အရမ်းလှပတယ်! ဒီနေရာကို ငါတကယ်ကြွေနေပြီ.."
လန်ကော စိတ်ထဲရှိသည့်အတိုင်းထုတ်ပြောတော့ ဖာ့ဟွားခေါင်းငြိမ့်ထောက်ခံကာ -
"ကမ္ဘာပေါ်မှာ အသန့်စင်ဆုံးနယ်မြေပဲ ... ငါတို့နယ်မြေတွေမှာလို သူ့မြေနေရာ ၊ ငါ့မြေနေရာ ပိုင်ဆိုင်မှုလောဘတွေမရှိပဲ ၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် သက်သောင့်သက်သာ နေထိုင်ကြတဲ့မျိုးနွယ်စုတစ်ခုပဲ"လန်ကော သူ့ရှေ့ကမြင်ကွင်းကိုကြည့်ပြီး ပြုံးကာ -
"ရှူဟိုင်မျိုးနွယ်တွေက ပင်လယ်ထဲကနေ ပေါက်လာတဲ့သစ်ပင်ကြီးတွေပေါ်မှာနေထိုင်ကြတယ် ဆိုတာကို စာအုပ်တွေထဲမှာဖတ်ဖူးခဲ့ပေမဲ့ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတဲ့အချိန် ရလိုက်တဲ့ အံ့အားသင့်မှုက ဘာနဲ့မှမတူဖူး.. တကယ်ကို စိတ်ကူးတွေရဲ့ အလွန်ပါပဲ"အပင်အောက်ကနေ အသံတစ်ခုထွက်လာပြီး မရှေးမနှောင်းပင် လူသဏ္ဍာန်တစ်ခု ဧည့်ကြိုဆောင်ရဲ့ ဝင်ပေါက်ကို ဖာ့ဟွားနှင့်လန်ကော လှည့်ကြည့်လိုက်တယ် ..
"ဟီဟီ .. ဟဲလို.."
တင်ပါးထိရောက်နေသည့် အစိမ်းရင့်ရောင် ဆံနွယ်ရှည်တွေကို ဆံကျစ်ကျစ်ထားသည့် ရှူဟိုင်မိန်းမပျိုတစ်ဦး ..
သူမရဲ့ အသားအရည်သည်လည်း ကြည်ပြာရောင်သမ်းချင်ပေမဲ့ အစောပိုင်းတုန်းက ရေထဲကနေပေါ်လာခဲ့သည့် ရှူဟိုင်တွေလောက် မပြာနေပဲ ၊ နဲနဲ ဖြူတဲ့ဖက်ကို များသည်...
သူမရဲ့ မျက်နှာ ၊ ခန္ဓာကိုယ် ၊ အသားအရည် ... အကုန်လုံးက အပြစ်ပြောစရာတစ်ကွက်မရှိ ၊ ချောမောလှပပြီးငယ်ရွယ်ပျိုမြစ်မှုတွေကအထင်းသား..အမှန်အတိုင်းပြောရရင်တော့ ဧည့်ကြိုဆောင်ကို သူတို့လျှောက်လာခဲ့တဲ့တစ်လျှောက် လမ်းမှာတွေ့ခဲ့သည့် ရှူဟိုင် အမျိုးသား ၊ အမျိုးသမီး အကုန်လုံးက ချောမောလွန်းကြပါ၏... သူတို့ရဲ့ချောမောမှုက လူသားတွေရဲ့ ထိပ်တန်းချောမောမှုနဲ့ တစ်တန်းတည်းပဲ ...
သူတို့ကိုနှုတ်ဆက်နေသည့် ရှူဟိုင်မိန်းမပျိုရဲ့ နားရွက်မှာ ခက်ရင်းခွ ၅ ခု ရှိနေသည်မို့ သူမ က အဆင့်-၅ ဖြစ်ပြီး သူတို့ကြုံခဲ့သမျှ ရှူဟိုင်တွေထဲ လောလောဆယ် အဆင့်မြင့်ဆုံးဖြစ်၏..
သူမကဧည့်ကြိုဆောင်ပေါ်ကိုတက်လာခဲ့ပြီး သူမရဲ့လက်ထဲမှာ အပြာရောင်အဆင်းရှိသည့် အသီးတွေထဲ့ထားသည့် ကြီးမားသောအရွက်တစ်ရွက်လည်း ပါလာသည်..
CITEȘTI
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantezieTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...