Chapter 78 : One Year!
ဖာ့ဟွားသာဆိုရင် လန်ကောလိုမျိုးတောင်းဆိုလိမ့်မည်မဟုတ် ... သူက ဥပဒေနိုင်ငံသားတစ်ယောက်မို့ တစ်ဖြောင့်တည်းပဲ သမာသမတ်ကျကျ စဉ်းစားတတ်တယ် ...
သဘောတူထားခဲ့တဲ့ အလဲအလှယ်မှာ သူတို့ဖက်က မအောင်မြင်ခဲ့တဲ့အတွက် ဆုကြေးကို တောင်းခံမည်မဟုတ် ..
မြေအောက်ကမ္ဘာထဲမှာ သူတို့ရဲ့လုပ်ရက်ကြောင့် ရှူဟိုင်မျိုးနွယ်စုကို များစွါအကူအညီဖြစ်စေခဲ့တယ်လို့ ရှူဟိုင်အကြီးအကဲက ပြောလာပြီး ဆုချီးမြှင့်ပါမည် ဟု ကတိပေးလာခဲ့တော့ ... ဒီလိုအခွင့်အရေးမျိုးကို လန်ကော ကတော့ လုံးဝလက်လွှတ်ခံမည် မဟုတ် ...အကြီးအကဲ မျက်နှာပြုံးနေလျက် -
"အိုင်း ... စကားများများမပြောခဲ့ရတာ နှစ်ရာချီရှိနေခဲ့ပြီ ... ကျွန်ုပ်ကတိပေးခဲ့တဲ့အတိုင်း အသက်ကျောက်နှစ်တုံးကိုချီးမြှင့်ပေးမည့်အပြင် ၊ အသက်ကျောက် အပိုတစ်တုံးကိုပါ ထပ်ဆောင်းပေးပါအူးမည် ... အပြန်အလှန်အနေဖြင့် အသင်တို့နှစ်ယောက် ပီထျန်းကျွန်းပေါ်မှာ ၁နှစ်တိတိ ကျင့်ကြံသွားရမယ်"အကြီးဆုံးအကြီးအကဲရဲ့ စကားအဆုံး လန်ကော နှင့် ဖာ့ဟွား ထခုန်မိတော့မတတ် ပျော်ရွှင်သွားကြတယ် .. အသက်ကျောက်တွေပိုင်ဆိုင်ရခြင်းကသူတို့ရဲ့တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းရဲ့ အမှတ်အသားတစ်ခုသာဖြစ်တယ် ...
ထိုအရာထပ် သူတို့ကို ပိုစိတ်လှုပ်ရှားသွားစေတဲ့အရာက ... ပီထျန်းကျွန်းပေါ်မှာ ၁နှစ်နေခွင့် ရလိုက်ခြင်းပဲ !!
ဖာလန်ဂြိုလ်တစ်ခုလုံးမှာ ပီထျန်းကျွန်းပေါ်ရှိ စွမ်းအင်ပေါများမှုကို မှီသည့်နေရာ ဟူ၍ မရှိ !
သေချာပေါက် သူတို့ရဲ့ ကျင့်ကြံစဉ်တွေကို အထောက်အကူပြုလိမ့်မယ်!လန်ကော က ရေဒြပ်စင်ကို အဓိကအခြေခံတဲ့သူ ဖြစ်သလို ၊ ဖာ့ဟွား က ကောင်းကင်နှင့်မြေကြီးဆီက အသန့်စင်ဆုံး စွမ်းအင် တို့ကို အခြေခံကျင့်ကြံသူဖြစ်တာမို့ ... သန့်ရှင်းစင်ကြယ်လှသော စိမ်းလန်းသောအသက်ပင်လယ် က နှစ်ယောက်စလုံးအပေါ် ပုံမှန်ထပ် နှစ်ဆအကျိုးသက်ရောက်စေမည် ...
အကြီးအကဲက -
"အသင်တို့ကို ပီထျန်းကျွန်းပေါ်မှာ ၁နှစ် နေစေရတဲ့ အကြောင်းရင်းက အနီရောင်ဘုရင်မ ရန်ကနေ တတ်နိုင်သလောက် ကာကွယ်ပေးချင်လို့ပါပဲ ... စိမ်းလန်းသောအသက်ပင်လယ် နယ်မြေထဲမှာ သင်တို့ လုံခြုံနေတာ မှန်ပေမဲ့ အပြင်လောကကို ခြေဆန့်တဲ့အချိန် အသင်တို့နောက်ကို သူမ သေချာပေါက် အမဲလိုက်လိမ့်မယ် ... အထူးသဖြင့် သူမ နှင့် သင်တို့ ဆုံခဲ့စဉ်က သူမရဲ့ စွမ်းအင်အငွေ့အသက်တွေ သင်တို့ရဲ့ကိုယ်ပေါ်မှာ ထင်ကျန်နေတာမို့ သင်တို့ဘယ်သွားသွား သူမ အမြန် ရှာတွေ့နိုင်လိမ့်မယ် ... ပီထျန်းကျွန်းပေါ်မှာ ၁နှစ်လောက် နေလိုက်မှသာ သူမ ရဲ့ အငွေ့အသက်တွေ ပျောက်ကွယ်သွားမယ်"
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...