Chapter 123 : Chasing Soldiers
အသံတိတ်ကျသွားသည့် ဖာ့ဟွားနှင့်လန်ကော ကြောင့် အနီရောင်ဘုရင်မ က စိတ်ချင်းဆက်သွယ်ထားရာကနေပဲ -
"တချို့ကိစ္စတွေကို မင်းတို့အခုချိန် မသိသေးတာ ပိုကောင်းမယ်... မင်းတို့ကို ငါက အရမ်းတွေ ကယ်တင်ချင်နေတယ်များ ထင်နေလား? တစ်ခါတစ်လေမှာ ကြိုမမြင်နိုင်သေးတဲ့ အနာဂတ်အတွက် တစ်စုံတစ်ခုအပေါ်ယုံကြည်လိုက်ပြီး လောင်းကစားလုပ်ကြည့်လိုက်ဖို့တန်ပါတယ်...
အထူးသဖြင့် မင်းတို့ကို ကာကွယ်ပေးဖို့ကြိုးစားနေတဲ့ မင်းတို့ရဲ့ဘိုးဘေးတွေကို ကျေးဇူးတင်သင့်တယ်"
အနီရောင်ဘုရင်မ က တိတိကျကျကြီးပြောချလိုက်တာမျိုးမဟုတ်ပေမဲ့ ၊
ဖာ့ဟွားနှင့်လန်ကော ရဲ့ အတွေးထဲကို တန်းဝင်လာသည်က - တုနှိုင်းမဲ့ပုလဲ !တုနှိုင်းမဲ့ပုလဲ ကလွဲပြီး တခြားအကြောင်းအရာကိုလည်း စဉ်းစားလို့မရ ..
တုနှိုင်းမဲ့ပုလဲ အနီရောင်ဘုရင်မ ကို အသက်ကယ်ပေးခဲ့သည့်နေ့က ဘုရင်မနှင့်ပုလဲကြား တစ်ခုခု ဖြစ်သွားခဲ့ပုံရသည်..."ဘုရင်မ ကျွန်တော်တို့ရဲ့ အတွေးတွေထဲကို အမြဲ ဝင်နားထောင်လို့ရနေတာမျိုးလား?"
လန်ကော တကယ်သိချင်လှသည်!!
အနေအထားကြီးက သူစိမ်းရှေ့မှာ ကိုယ်တုံးလုံးချွတ်ပြနေရသလိုပဲ!
ပုရွတ်ဆိတ်သလင်းနီနယ်မြေထဲမှာ ဘုရင်မနှင့်တိုက်ခိုက်ခဲ့ကြတုန်းက သူတို့နှစ်ယောက်စိတ်ချင်းဆက်သွယ်ပြီး တိုက်ကွက်တွေအကြောင်း ၊ တခြားအရည်မရအဖတ်မရတွေပါ အောကျင်းသောကျင်း ပြောခဲ့ကြသည်လေ!!!ဘုရင်မက သက်သောင့်သက်သာနဲ့ပင် -
"၃မီတာ ပတ်လည်မှာဆို ငါကြားရတယ်"၃မီတာ??
"တကယ်ကြီး!!?"
ဘုရင်မက လန်ကောကို 'ငတုံး' ဟု အဓိပ္ပါယ်ရသည့်အကြည့်တွေဖြင့် ငုံ့ကြည့်ပြီးသာ တုံ့ပြန်လာတယ်..
လန်ကော အနေနဲ့လည်း ဘုရင်မက သူတို့ကို ညာပြောစရာ ဘာအကြောင်းမှ မရှိမှန်း သတိပြန်ရကာ ကိုယ့်အပြစ်နှင့်ကိုယ် ငြိမ်နေလိုက်တော့၏...
၃မီတာ ပဲဆိုတော့ မဆိုးပါဖူး!
ဘာပဲပြောပြော ဒီဆက်နွယ်မှုက ဖာ့ဟွားနဲ့သူ့ကြားရှိဆက်နွယ်မှုလောက် မနီးစပ်သေးပါဖူးလေ..
အမ်??
YOU ARE READING
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...