Chapter 67 : Task...
လုပ်ဆောင်ရမည့်တာဝန်...နံပါတ်-၄ အကြီးအကဲ သက်ပြင်းအသာချရင်း -
"စိမ်းလန်းသောအသက်ပင်လယ် ရဲ့ အနေအထားကို မောင်ရင်တို့ သေချာမြင်ဖူးခဲ့ပြီမဟုတ်လား?"လန်ကော သွက်လက်စွာခေါင်းငြိမ့်ပြပြီး -
"ဟုတ်ကဲ့.. စိမ်းလန်းသောအသက်ပင်လယ် ဆိုတဲ့ အမည်နဲ့လိုက်ဖက်အောင်ကို လှပခမ်းနားလွန်းလှပါတယ်! ကျွန်တော့်တစ်သက်တွေ့ကြုံခဲ့တဲ့အထဲ ဒီနယ်မြေ ရဲ့ အသက်ဇီဝစွမ်းအင် ပေါကြွယ်ဝမှုကိုယှဉ်နိုင်တဲ့နေရာ မတွေ့ဖူးသေးပါဖူး! အထူးသဖြင့် ပီထျန်းကျွန်းမှာ သိသာတယ်... ကျွန်းမှာ နာရီကြာကြာ နေရုံနဲ့တင် အသက်စွမ်းအင်တွေ ပြည့်ဝနေတယ်လို့ ခံစားနေရတယ်... ကြာကြာများနေရင် သက်တမ်းတောင်ပိုရှည်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်ဗျ!"နံပါတ်-၄ အကြီးအကဲ ခေါင်းငြိမ့်ထောက်ခံကာ -
"ပီထျန်းကျွန်း ပေါ်မှာ အသက်စွမ်းအင် အပေါများဆုံးပဲ .. ဒီမှာ တောက်လျှောက်နေရင် ရှူဟိုင်တွေရဲ့ အသက်က ထောင် သောင်းချီ သက်တမ်းရှိိလိမ့်မယ် ၊ လူသားတွေအတွက်တော့ မူရင်းသက်တမ်း ရဲ့ ၂ဆ ပိုရှည်နိုင်မယ်ပေါ့"
အကြီးအကဲ ပြောလက်စ စကားကို ခဏရပ်ကာ သက်ပြင်းမောတစ်ခုကို ချပြီးမှ -
"...ဒါပေမဲ့ ... ဒီမှာက အပြင်ပိုင်းမြင်နေရသလောက် မငြိမ်းချမ်းဖူး ...လောကကြီးမှာ ဘယ်အရာမဆို လုံးဝပြီးပြည့်စုံတယ်ရယ်လို့မှ မရှိပဲ...
ထို့အတူ ပီထျန်းကျွန်း မှာလည်း အန္တရာယ်ကြီးကြီးမားမားရှိနေတယ် ၊ စိမ်းလန်းသောအသက်ပင်လယ်ကိုတောင် ပျက်စီးသွားစေနိုင်တဲ့အထိ ကြီးမားတဲ့ အန္တရာယ်မျိုး ... ငါတို့မျိုးနွယ်တွေ ဒီအန္တရာယ်ကို နှစ်ထောင်ချီ ရင်ဆိုင်တိုက်ခိုက် ၊ ဖြေရှင်းထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာမတွင်နိုင်သေးဖူး...""အန္တရာယ်??"
လန်ကော သူ့နောက်မှာရှိနေတဲ့ ချိုင့်ဝှမ်းနက်ကြီးကို မသိစိတ်အရ လှည့်ကြည့်မိတယ်..."...အိမ်း ... အဲ့ဒီချိုင့်ဝှမ်း တွင်းပေါက်က ပီထျန်းကျွန်း ရဲ့ မြေအောက်ကမ္ဘာကိုသွားတဲ့ ဝင်ပေါက်ပဲ ... မြေအောက်ကမ္ဘာက စိမ်းလန်းသောအသက်ပင်လယ်လောက် ဧရိယာမကျယ်ပေမဲ့ ပီထျန်းကျွန်းထပ်တော့ ကျယ်ပြန့်တယ် ...
မြေအောက်ကမ္ဘာမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတစ်ခုရှိပြီး သူတို့က ဥာဏ်မဲ့ပေမဲ့ လောဘကြီးလွန်းပြီး စိမ်းလန်းသောအသက်ပင်လယ်ရဲ့ အသက်စွမ်းအင် ပင်ရင်းတွေကို အငမ်းမရစားသုံးနေကြတယ် ..."
"အမှန်တရားတစ်ခုကို ပြောရရင် ... စိမ်းလန်းသောအသက်ပင်လယ်က ထွက်တဲ့ အသက်စွမ်းအင်တွေက ငါတို့မျိုးနွယ်စု တစ်ခုတည်းရဲ့ အပိုင်မဟုတ်ဖူး ... ဖာလန်ဂြိုလ်ပေါ်ရှိ သက်ရှိတိုင်းပိုင်ဆိုင်ပြီး သက်ရှိတိုင်းကို အထောက်အပံ့ပေးနေတဲ့ စွမ်းအင်ပဲ ... တစ်နေ့မှာ စိမ်းလန်းသောအသက်ပင်လယ်သာ ပျက်စီးခဲ့မယ်ဆိုရင် ဂြိုလ်တစ်ခုလုံးအပေါ် အကျိုးသက်ရောက်လာလိမ့်မယ် ... ဒါကြောင့် အသက်စွမ်းအင်တွေကို အငမ်းမရ ၊ အတားအဆီးအထိန်းအကွပ်မရှိ ယူသုံးနေတဲ့ မြေအောက်မျိုးနွယ်စုကို ငါတို့ ရှင်းပစ်မှပဲရမယ် ၊ အမြစ်ပြတ်မရှင်းနိုင်ရင်တောင်မှ အနဲဆုံး သုံးယူမှု လျော့ကျသွားအောင်တော့ အမြန်လုပ်ဆောင်မှဖြစ်မယ်.."
"ရှူဟိုင်တွေက သန်မာရဲ့နဲ့ ဒီတာဝန်ကို သူစိမ်းဧည့်သည်တွေထံ ဘာကြောင့်လာပေးနေသလဲဆိုတာကို မောင်ရင်တို့စဉ်းစားမိနေမှာပေါ့... အင်း... မြေအောက်ကမ္ဘာမှာ ငါတို့မျိုးနွယ်တွေကို ဟန့်တားထားတဲ့ သဘာဝအတားအဆီး တစ်ခုရှိနေတယ် ... ရေဓါတ် နဲ့ သစ်ပင်ဓါတ် တို့ကို အားနည်းစေတဲ့ သံလိုက်စက်ကွင်း ရှိနေတော့ ရေနဲ့သစ်ပင်ဓါတ်အများဆုံးနဲ့ ဖွဲ့စည်းထားတဲ့ ငါတို့ရှူဟိုင်တွေ ဘာမှ မတတ်နိုင်တဲ့အထိဖြစ်စေတယ်... မြေအောက်ကမ္ဘာထဲရောက်တာနဲ့ ငါတို့ရဲ့ စွမ်းအားတွေက မှေးမှိန်ယုတ်လျော့သွားတယ် ... အင်အားအလုံးအရင်းနဲ့ ဝင်စီးရင်တောင်မှ စက်ကွင်းရဲ့ဖိအားက အတော်ပြင်းထန်တာမို့ ငါတို့စက္ကန့်ပိုင်းပဲခံနိုင်တယ် ... အဲ့ဒီနောက် ငါတို့ဟာ မြေအောက်ကမ္ဘာသားတွေရဲ့ အစာပဲဖြစ်သွားခဲ့တယ်..."
"ရွေးချယ်စရာမရှိတော့တဲ့ ငါတို့တွေဟာ လူသားမျိုးနွယ် (၃)ခုကို မကြာမကြာ ဆက်သွယ်ပြီး အကူအညီတောင်း ၊ လိုချင်တဲ့ဆုပြန်ချီးမြင့်ပေးတာမျိုးနဲ့ အလဲအလှယ်တွေ လုပ်ခဲ့ရတယ်... ကူညီသွားတဲ့ လူသားမျိုးနွယ်တွေကလည်း ဒီကိစ္စကိုမပေါက်ကြားစေဖို့ ကတိသစ္စာခံသွားကြတာမို့ ပြင်ပလူတွေ ခုချိန်ထိ လုံးဝ မသိခဲ့ကြဖူး..."
VOCÊ ESTÁ LENDO
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasiaTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...