Chapter 102 : Trap...
ထောင်ချောက်မိခြင်း ...ဖာ့ဟွားနှင့်လန်ကော ထုံးစံအတိုင်း တစ်ယောက်တစ်ခွန်း ရန်သတ်နေကြချိန် ... မကာရတပ်သားတွေကတော့ ငါးနီ အကောင်ရာကျော်ထိ ဖမ်းမိနေပြီဖြစ်သည်..
ငါးနီသားရဲတွေရဲ့ ဥာဏ်ရည်က အတော်နိမ့်တဲ့အထဲမှာပါပြီး သူတို့ဟာ မျှားခေါ်ခံနေရတာကိုတောင်မှ အခုထက်ထိ ဒေါသကြီးစွါတန်ပြန်တိုက်ခိုက်နေဆဲ...// ဗွမ်း //
ရုတ်တရက် ရေပွက်ကြီးတစ်ခုဖြစ်ပေါ်လာပြီး ရေကန်အလယ်ကနေ ငါးနီ အကြီးကြီးတစ်ကောင် ခုန်ထွက်လာခြင်းကြောင့် ၊ လူတိုင်းရဲ့အာရုံကိုဖမ်းစားလို့သွားတယ်!လန်ကော တက်ကြွစွါဖြင့် -
"ငါ သွားသင့်နေပြီ!"ငါးနီကြီး သည် ၁၀မီတာကျော် ကြီးပြီး ကျောပြင်တစ်ပြင်လုံးက ရွှေရောင်တွေလက်နေ၏ ...
သူ မှုတ်ထုတ်လိုက်သည့် မီးလုံးအရွယ်အစားကိုက အချင်း-၂မီတာ ခန့် ကြီးသည် !
ငါးနီကြီး ဖန်တီးမှုတ်ထုတ်လိုက်သည့် မီးလူံးဆီသို့ အခြားငါးနီတွေကပါ မီးလုံးတွေ အားဖြည့်ထည့်သွင်းပေးကြကာ ... စုပေါင်းမီးလုံးကြီးက အချင်း-၁၀ပေ ခန့်ရှိသည့် ဧရာမ မီးလုံးကြီး ဖြစ်လာသည် !
ဧရာမမီးလုံးကြီး က အရွယ်အစားတင်ကြီးသည်မဟုတ် ၊ ပစ်လွှတ်လိုက်သည့် အရှိန်ကလည်း အလွန်ပြင်းလှသည် !ဧရာမ မီးလုံးကြီး ကိုမြင်တော့ ရွှေရောင်ဂျိုနှင့်အမျိုးသမီးရဲ့ မျက်လုံးတွေတောက်ပလာကာ ၊ သူမခြေရင်းရှိ ဖမ်းမိထားသော ငါးနီကြီးကို ဖိနင်းလျက် လေထဲသို့ ခြေထောက်ခုန်လိုက်ချိန်...
သူမဝတ်ဆင်ထားသည့် မီးခိုရောင်ချပ်ဝတ်တန်ဆာတွေက လက်ခနဲ ၊ ရွှေရောင်ဂျိုနှစ်ချောင်းကလည်း ဝင်းလက်လို့ ... ကိုင်မြောက်ထားသည့် ရွှေရောင်လှံဖျား ဖျက်ခနဲ လက်သွားကာ .. ပစ်ဝင်လာသည့် ဧရာမမီးလုံးကြီးကို ချေဖျက်ပစ်သည် !
သူမ လက်ချက်ဖြင့် လေထဲတွင် မီးလုံးကြီး ပေါက်ကွဲသွားပြီး စွမ်းအင်လှိုင်းတွေဖြစ်ပေါ်လာခြင်းနှင့်အတူ ကန်ရေပြင်ပါ အနီရောင်သမ်းလို့သွား၏ ..// စွီးးး //
ငါးနီကြီး ထံမှ စူးရှသောအော်မြည်သံ ရုတ်တရက်ထွက်လာချိန် .. ရွှေရောင်ဂျိုနှင့်အမျိုးသမီး မျက်မှောင်ကြုတ်သွားတယ် ...
ငါးနီကြီးဆီမှ အော်သံထွက်လာပြီးမကြာလိုက် .. ငါးနီကြီး အပါအဝင် တိုက်ခိုက်နေသည့် ငါးနီတွေအကုန် ရေကန်ထဲ ပြန်ခုန်ချပြီး ပျောက်ကွယ်လို့သွားတယ် ...
VOUS LISEZ
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasyTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...