Chapter 86 : Distribution of Demon Domain...
မိစ္ဆာနယ်မြေကို ဖွဲ့စည်းထားသည့် ပုံစံ ...မိစ္ဆာနယ်မြေထဲရှိ မြို့တော်တစ်ခုစီတိုင်းမှာ 'ဆင်ခြေဖုံးရပ်ကွပ်' ဆိုတာရှိတယ်... ထိုရပ်ကွပ်မှာနေထိုင်ကြသူတွေကတော့ သေချာပေါက် 'အခွံလူသား' တွေပေါ့ ...
သူတို့ရဲ့ ဘဝနေထိုင်မှုအခြေအနေက အတော့်ကိုဆိုးဆိုးရွားရွားပါပဲ...
ငယ်ရွယ်တဲ့လူသားမိန်းမပျိုလေးတွေကိုဆို ရာထူးမြင့် ၊ သူကြွယ် ၊ အထက်တန်းလွှာ ထဲရှိ သားရဲတွေက လာရောက်သိမ်းယူသွားကြတယ်...
သားရဲတွေအတွက်က လူသားပုံစံနှင့်တူလာလေလေ ၊ ကျင့်ကြံအဆင့်တွေတက်ဖို့ ပိုလွယ်လေလေမို့ ... သူတို့ရဲ့ မျိုးဆက်တွေကို လူသားပုံစံပိုပေါက်လာစေနိုင်ရန် လူသားတွေနဲ့ စပ်ယှက်ဖို့ ကြိုးစားကြတယ် ...အခွံလူသားအမျိုးသားတွေကတော့ နိမ့်ကျတဲ့အလုပ်ကြမ်းတွေမှာ ခိုင်းစေခံရပြီး ကျွန်တစ်ယောက် ၊ ခွေးတစ်ကောင် လို အစော်ကားခံ ၊ အနှိမ်ခံ နှင့် အလုပ်အကျွေးပြုနေရသည်...
တကယ်တော့ မြင့်မြတ်နယ်မြေ ၊ မှော်နယ်မြေ ၊ အပြာရောင်နယ်မြေ ရှိ အကြီးအကဲတွေက မိစ္ဆာနယ်မြေမှာ ကျန်ရစ်နေခဲ့သည့် အခွံလူသားတွေကို လာရောက်ခေါ်ယူဖို့ကြိုးစားခဲ့ကြပါသေးတယ် .. ဒါပေမဲ့ သားရဲမိစ္ဆာကြီးတွေက ထိုအချက်ကို လက်မခံပဲ မိစ္ဆာနယ်မြေရှိလူသားတွေက သူတို့အပိုင် ဟု ပြန်လည်တုံ့ပြန်ခဲ့သောကြောင့် ပြန်မခေါ်နိုင်ဖြစ်နေခြင်းသာဖြစ်သည်...
သားရဲမိစ္ဆာတွေက နယ်မြေ(၃)ခုရှိ လူသားမျိုးနွယ်တွေကိုသာ 'လွတ်လပ်သည့်လူသား' တွေဟု တရားဝင် သဘောထားပေးတယ်..."ငါတို့တွေ မရှိရင် သူတို့ရဲ့အောက်ခြေသိမ်းအလုပ်တွေကို သေချာကောင်းကောင်းမွန်မွန် လုပ်ကိုင်ပေးမဲ့သူတွေ မရှိတော့ဖူးလေ ... လူသားတွေက မွေးရာပါ ဥာဏ်ထက်မြက်လို့ အလုပ်တွေကို သေချာလုပ်ကိုင်နိုင်ကြတယ် ... သူတို့က သုံးစားလို့ကောင်းတဲ့ကျွန် တွေကို ဘယ်လိုလုပ် အလွတ်ပေးချင်မှာလဲ??"
အဘိုးအိုရဲ့ ပုံပြင်အဆုံး လန်ကော နှင့် ဖာ့ဟွား လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ် ...
မိစ္ဆာနယ်မြေပေါ်မှာ လူသား ၁သန်း ကျော် ဒုက္ခနွံထဲနှစ် ၊ နာကျင်ခံစားနေကြရတယ်တဲ့ !!
သူတို့ကို ပိုရင်နာစေသည့်တစ်ချက်က - သိသာသိလိုက်ရပြီး ဘာမှ မလုပ်ပေးနိုင်တဲ့ အနေအထားတွေ ဖြစ်နေခြင်းပါပဲ !
သူတို့ဘယ်လောက်ပဲ စိတ်ဆန္ဒရှိရှိ ၊ လူသား ၁သန်း ကို ကယ်ထုတ်သွားနိုင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲ ...
ESTÁS LEYENDO
The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))
FantasíaTwo young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိုဆန္ဒမပါပဲ တစ်ဦးနှင့်တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို ချည်နှောင်မိချိန် ... ကျိန်စာလား ? အကျိုးပြုစေမဲ့ ချ...