အခန်း ၁။ Deja Vu

1.2K 51 6
                                    

Porsche POV

" ဟပ်ချိုး!!!!"

" ဘယ်ကောင် ငါ့သောက်တင်းထိုင်ပြောနေတာလဲမသိဘူးဟေ့။ မနေ့ညကတည်းက နှာပဲထိုင်ချေနေတယ်!!"

တစ်ချိန်လုံးနှာချေနေတာကြောင် ကျွန်တော့်စိတ်တွေ ကြည်မနေဘူး။

အားကစားသိပ္ပံမေဂျာရှေ့ရှိ ကျောက်စားပွဲ တစ်ခုပေါ်သို့ ကျွန်တော့် ကော်ဖီခွက်ကို တင်လိုက်ပြီး မနေ့က ကျွန်တော်ကူညီပေးခဲ့တဲ့ ကိုလူချော အကြောင်းတွေးနေမိတယ်။ သူ့ကို နာမည်လိမ်ပြောမိလိုက်လို့ နည်းနည်းအပြစ်ရှိသလိုလည်း ခံစားနေရပေမယ့် မနေ့ကအခြေအနေနဲ့ ကျွန်တော့်နေရာမှာ တစ်ခြားသူတစ်ယောက်ဆိုလဲ ဒီလိုလိမ်ပြောမိမှာပဲ။

သူမနေ့ညကပြောသွားတာတော့ နာရီကို ပိုက်ဆံနဲ့ပြန်လဲဖို့ ကျွန်တော့ကို လာတွေ့မယ်တဲ့။

ဒါပေမယ့် ပြန်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲ့ဒီနာရီကို ပိုက်ဆံလိုလို့ ဒီမနက်မှာပဲရောင်းစားလိုက်ပြီလေ။

မနေ့ညက သူကျွန်တော့်နာမည်ကို မေးတုန်းက ကျွန်တော်တစ်ခြားတစ်ယောက်နာမည်ကိုဖြေလိုက်သင့်တာ။

ဒါပေမယ့် အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် Jomက ဖုန်းခေါ်လာတာနဲ့ ဖုန်း screenပေါ်မှာ ပေါ်လာတဲ့နာမည်ကိုပဲ ရုတ်တရတ် ပြောမိသွားတာ။

!တောင်းပန်ပါတယ် သူငယ်ချင်းရေ။ မင်း ဘေးမသီရန်မခပါစေနဲ့လို့ပဲ ငါစိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်ကွာ!

"ဘာတွေတွေးနေတာလဲ......ခွေးသားရဲ့ " အတွေးလွန်နေတဲ့ကျွန်တော့်ကို ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်က ရုတ်တရက်ပေါ်လာပြီး ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လေတယ်။

ကျွန်တော်လည်း သူတို့နှစ်ယောက်ကို ပခုံးတွန့်ပြပြီး ပြန်နှုတ်ဆက်လိုက်တယ်။ရုပ်ရည်အရပြောရမယ်ဆိုရင် ဒီနှစ်ကောင်က ငယ်ငယ် ချောချောလေးနဲ့ ချစ်စရာကောင်းတယ် ထင်ရပေမယ့် တကယ်တန်းအတွင်းသိ အစဉ်းသိဆိုရင်တော့ စားမကောင်းတဲ့ အသီးတွေပေါ့။

သူတို့ကတော့ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း Jomနဲ့ Tem ပါ။

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora