အခန်း ၃၁။ ပြင်ဆင်ခြင်း

423 27 4
                                    

'BOOK - 3'

Kinn's POV

"Khun Kinn သွားနားလိုက်ပါလား...အရေးကြီးတဲ့အချက်အလက်တွေတွေ့တော့မှ ကျွန်တော်တို့ လာပြောမယ်လေ"

Pol က သုံးခွက်မြောက်ဖြစ်သော ကော်ဖီခွက်ကို ကျွန်တော့်ဆီ ယူလာပေးရင်းပြောတယ်။ အချိန်တွေဘယ်လောက်ကုန်သွားမှန်းတောင် သတိမထားမိနိုင်အောင်ကို ထိုင်နေရာမှမထဘဲ အချက်အလက်တွေကို အပြန်ပြန်အလှန်လှန်စစ်နေမိဆဲ။ တရားခံကို အမြန်ဆုံးဖမ်းမိနိုင်ဖို့အတွက် စာရွက်စာတမ်းတွေသာမက အိမ်ရဲ့ပတ်ပတ်လည်မှာ တပ်ထားတဲ့ CCTV တွေကိုပါ ထပ်ခါတလဲလဲ စစ်ကြည့်နေလိုက်တယ်....

"အိမ်ထဲမှာ တပ်ထားတဲ့ CCTV တွေက လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အဟက်ခံလိုက်ရတယ်။ ပျက်သွားတဲ့ ဒေတာတွေ ပြန်ရအောင်‌တော့ ကျွန်တော်ကြိုးစားနေပါတယ်...ဒါပေမယ့်လည်း ဟက်ခ်သွားတဲ့လူက တော်တော်ကျွမ်းကျင်ပုံရတယ်။ အရေးကြီးတဲ့ ဗီဒီယိုတော်တော်များများ အဖျက်ခံလိုက်ရတယ်... ဘာမှတောင်သိပ်မကျန်ခဲ့ဘူး"

Arm က မျက်မှောင်ကျုံ့ရင်း ပြော‌လာတယ်။

"ချီးပဲ! ခေါင်းကိုက်လိုက်တာ.. ဒီဖိုင်တွေကိုသာ ပြန်စီလိုက်တော့...ဘယ်လိုပဲဖြစ်ဖြစ် ပါသွားတဲ့စာရွက်စာတမ်းတွေက ပြန်ယူလို့မှ မရတော့တာ...  ထားလိုက်တော့.. အတွင်းလူလုပ်သွားတယ်ဆိုတာ အသိသာကြီး... ပြီးတော့ အဲ့လူက ဒီအိမ်မှာ အချိန်အတော်ကြာကြာ အလုပ်လုပ်နေတဲ့လူပဲဖြစ်ရမယ်။ မဟုတ်ပဲနဲ့တော့ ဒီလောက်ထိ အသေးစိတ်လုပ်နိုင်မှာမဟုတ်ဘူး။ ကြည့်ရသလောက်ကတော့ အချိန်အကြာကြီး ပြင်ဆင်ထားပုံရတယ်"

Kim က လက်ထဲမှ စာရွက်စာတမ်းတွေကို ခုံပေါ်ပစ်တင်လိုက်ရင်း ပြောလာတယ်။

အားလုံး ကျွန်တော့် အလုပ်ခန်းထဲမှာစုရင်း ငွေအထွက်စာရင်း ဖိုင်တွဲတွေကို စစ်ဆေးနေကြတာ...

လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး အခုလက်ရှိကာလအထိ ငွေအဝင်အထွက်စာရင်းတွေကို တစ်ခုမကျန်စစ်ကြည့်ဖို့လိုနေတာကြောင့်.. ဒီ ဒေတာ‌တွေထဲကမှ တရားခံရဲ့သဲလွန်စကို တွေ့လိုတွေ့ငြားဆိုပြီး...

FreeFall (Unicode +Zawgyi) (Completed)Wo Geschichten leben. Entdecke jetzt