အခန်း ၅။ ရွေးချယ်မှု

362 29 0
                                    

Kinn's POV

ကျွန်တော် ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေပြီး  မျက်လုံးအကြည့်တို့ကို တံခါးပေါ်၌ အလှဆင်ထားသောအလှဆင်ထားသော နဂါးရုပ်ပုံဆီသို့ ပို့ထားလိုက်ရင်း လက်ထဲက သေနတ်ကို လှည့်ပတ် ဆော့ကစားနေမိတယ်။ အခု ကျွန်တော် မျှော်လင့်တကြီး စောင့်ဆိုင်းနေတဲ့သူကတော့ ကျွန်တော်တစ်ချိန်လုံး အမိဖမ်းဖို့ ကြိုးစားနေတဲ့သူပေါ့။

"Khun Kinn သူရောက်ပါပြီခင်ဗျ"

သက်တော်စောင့် တစ်ယောက်က ကျွန်တော့်ကို အသိပေးလာပြီး သိပ်မကြာခင်မှာပဲ အခန်းတံခါးပွင့်သွားကာ တံခါးဝမှာ အရပ်ရှည်ရှည် ပုံသဏ္ဍာန်တစ်ခုပေါ်လာသည်။သူဝတ်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီနဲ့ လက်မှာထိုးထားတဲ့တက်တူးက သိပ်ကို လိုက်ဖက်နေပြီး ကျွန်တော့်ကို အကြည့်မလွှဲနိုင်လောက်အောင် ဆွဲဆောင်နေတယ်။

သူကတော့ အခန်းတစ်ခုလုံးကို စူးစမ်းသည့် အနေဖြင့် မျက်စိကစားလိုက်ပြီး ကျွန်တော့်ကို စူးစိုက်ကြည့်ရင်း အခန်းထဲသို့ လှမ်းဝင်လာခဲ့တယ်။

"ထိုင်!"

Big က သူ့ကို ဆိုဖာပေါ်မှာထိုင်ဖို့ အမိန့်ပေးလိုက်တယ်။

"......"

အခန်းထဲမှာ စကားပြောတဲ့သူမရှိဘဲ တိတ်ဆိတ်လျက်... Porsche နဲ့ကျွန်တော်က တစ်ယောက်ကို တစ်ယောက် အကြည့်မလွှဲဘဲ စူးစူးစိုက်စိုက်ကြည့်ကာ
အကြည့်ချင်း ပြိုင်နေကြတယ်။ ကျွန်တော့်ဘက်က စပြီးတော့ အရှုံးပေးဖို့အစဉ်မရှိတာမို့ ဆက်ကြည့်နေလိုက်ရုံပေါ့...

"မင်း ဘာဖြစ်ချင်တာလဲ ပြော။"

တိတ်ဆိတ်နေမှုကို စတင်ဖြိုခွင်းလိုက်သည်က Porscheရဲ့ အေးစက်တဲ့ လေသံ!

အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေတဲ့ ဒီမျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုနဲ့ သံသယ အရိပ်အယောင်တွေ စွန်းထင်နေတယ်။ သူ့ရဲ့ဒီလိုပုံစံကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။
အမည်းရောင်ဝတ်စုံနဲ့ mask တွေတပ်ထားတဲ့ သက်တော်စောင့်တွေဆီကို သူက အကြည့်တစ်ချက်ပို့လိုက်တယ်။ ကြည့်ရတာ သက်တော်စောင့်တွေ ပတ်လည်ဝိုင်းနေတာက သူ့အတွက် သက်တောင့်သက်သာ မဖြစ်ဘူးထင်တယ်။

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora