အခန်း ၉။ စိတ်ပင်ပန်းမှုများ

396 30 0
                                    

Porsche POV

ကျွန်တော် အိပ်ရာနိုးလာတဲ့အချိန်မှာ အပျင်းကြောဆန့်လိုက်ပြီးနောက် ပထမဆုံးခံစားမိတာက ခေါင်းတစ်ခုလုံးကို တူနဲ့ထုထားသလို နာကျင်ကိုက်ခဲနေတယ်ဆိုတာပဲ။ ပြင်ပအလင်းရောင်နှင့် ကျင့်သားရရန် မျက်လုံးကို အနည်းငယ် မှေးကျဉ်းထားလိုက်ပြီး မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားနေမိတယ်။

မနေ့က Kinnနဲ့အတူတူ ဇိမ်ခံဟိုတယ်တစ်ခုရဲ့ rooftop barကိုသွားခဲ့ပြီး အဲ့က မိန်းမလှလေးတစ်ယောက်တိုက်တဲ့ အရက်ကို ဘယ်နှစ်ခွက်မှန်းမသိသောက်ခဲ့တယ်။ ပြီးတော့ အိမ်သာထဲမှာ Kinn တိုက်ခိုက်ခံနေရတဲ့အကြောင်းကို သက်တော်စောင့်တစ်ယောက်က လာအသိပေးတယ်။

!wtf!! Kinnရော ဒဏ်ရာရသွား‌လား။ ဘာဖြစ်သွားပြီလဲ !

ကျွန်တော် မျက်လုံးကို သေချာဖွင့်ပြီး ကြည့်လိုက်တော့ မရင်းနှီးတဲ့ မျက်နှာကြက်နဲ့ အခန်းပုံစံ....

!သေစမ်း....ငါ အိပ်နေတာ Kinn ရုံးခန်းထဲက ဆိုဖာပေါ်မှာပဲ!

Kinnတော့ ကျွန်တော့်ကို သေအောင်ဒေါသထွက်နေတော့မှာ။ မနေ့ညက ကျွန်တော့်ရဲ့ ခြေကန်ချက် နှစ်ချက်ကို အသားလွတ်ခံလိုက်ရတဲ့အပြင် သူ့ဆိုဖာပေါ်မှာတောင် အိပ်ပျော်သွားလိုက်သေးတယ်။

"မင်း နိုးပြီလား"

ကျွန်တော့် အနောက်ဖက်ဆီမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာတဲ့အချိန်မှာ ကျွန်တော့် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး တံတွေးမျိုချလိုက်မိတယ်။ ဒေါသပြင်းထန်နေမည့်သူကို ရင်ဆိုင်ဖို့ ကျွန်တော့်စိတ်ကိုပြင်ဆင်ထားပြီး လှည့်ကြည့်လိုက်တယ်။

ဒါပေမယ့် ကျွန်တော့် ခန့်မှန်းချက်မှားသွားတယ်ထင်တယ်။ Kinnကို ကြည့်ရတာ ပုံမှန်ပဲ။ သူ့မျက်နှာမှာ ဘာခံစားချက်မှရှိမနေဘူး။

"ဟို~~~ငါ~~"

!ချီးပဲ ဘယ်ကစပြီး ပြောရမလဲ မသိတော့ဘူး!

ကျွန်တော် သူ့မျက်နှာကို စိုက်ကြည့်နေရင်း ရင်တွေတုန်လာသည်။ ကိုယ့်လုပ်ရပ်ကို တွေးလေလေ အပြစ်ရှိသလိုခံစားရလေလေပဲ။ ဖြစ်နိုင်ရင် ဒီအခန်းထဲက အခုချက်ချင်း ထွက်ပြေးလိုက်ချင်တယ်။

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora